Saturday, August 11, 2012

မြစ်ရေကြီးမှု အခြေအနေသတင်း

From -thevoicemyanmar.com
(၂၀၁၂ ခုနှစ်၊ သြဂုတ်လ (၁၁)ရက် (၁၃း၀၀)နာရီအချိန် ထုတ်ပြန်ချက်)

င၀န်မြစ်ရေသည် ယနေ့မြန်မာစံတော်ချိန် (၁၂း၃၀)နာရီအချိန် တိုင်းထွာချက်အရ ငါးသိုင်းချောင်းမြို့တွင် (၁၁၉၈)စင်တီမီတာသို့ ရောက်ရှိနေပြီး၊ စိုးရိမ်ရေမှတ်အထက် (၆၈)စင်တီ မီတာ (၂.၂-ပေခန့်) ကျော် လွန်နေပါသည်။ အဆိုပါမြစ်ရေသည် နောက် (၃)ရက်အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ် (၁၁၃၀)စင်တီမီတာ အထက်တွင် ဆက်လက်တည်ရှိနိုင်ပါသည်။


စစ်တောင်းမြစ်ရေသည် ယနေ့မြန်မာစံတော်ချိန် (၁၂း၃၀)နာရီအချိန် တိုင်းထွာချက်အရ တောင်ငူမြို့တွင် (၆၂၆)စင်တီမီတာသို့ ရောက်ရှိနေပြီး၊ စိုးရိမ်ရေမှတ်အထက် (၂၆)စင်တီမီတာ (၀.၈ -ပေခန့်) ကျော်လွန်နေ ပါသည်။ အဆိုပါမြစ်ရေသည် ယနေ့မွန်းတည့်မှ နောက် (၃)ရက်အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ် (၆၀၀)စင်တီမီတာ အထက်တွင် ဆက်လက် တည်ရှိနိုင်ပါသည်။

Source: မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန

No comments:

Post a Comment