Saturday, August 11, 2012

မြောင်းမြမြို့နယ်NLD ညီလာခံကျင်းပရေးကော်မရှင် ဖွဲ့စည်းရာတွင် ဒီမိုကရေစီနည်းလမ်း မကျသောကြောင့် NLDပါတီဝင်များဆန္ဒဖော်ထုတ်မည်

From-  Messenger News Journal
 မြောင်းမြမြို့နယ် NLD ညီလာခံ ကျင်းပရေးကော်မရှင်ဖွဲ့စည်းရာတွင် ဒီမိုကရေစီနည်းလမ်း မကျခြင်း ကြောင့် ပါတီဝင် (၃ဝဝ)ဝန်းကျင်ခန့် ဆန္ဒထုတ်ဖော်မည်ဟု မြောင်းမြ NLD ပါတီမှ ဦးမြင့်ကျော် က ပြောသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)ဗဟိုမှ တာဝန်ပေးခဲ့သောမြောင်းမြမြို့နယ် ညီလာခံကျင်းပရေးကော်မ ရှင်တွင် ဒေသခံပါတီဝင်တို့ နှင့်သဘောထားမတိုက်ဆိုင်သူ များ ပါဝင်ခြင်း၊ ကော်မရှင်ရွေးချယ် မှုတွင် အများဆန္ဒမပါခြင်းတို့ကြောင့်ဆန္ဒဖော်ထုတ်ခြင်းဖြစ်ကြောင်း သိရသည်။

''တိုင်းကော်မရှင်၊ ဗဟိုကော် မရှင်က  ပါတီဝင်တွေကို အကြောင်းမကြား ဘဲ ကော်မရှင် အဖွဲ့ကို  ဖွဲ့ခဲ့တယ်။ ဒီကိစ္စအတွက်ရန်ကုန်က ဗဟိုအဖွဲ့ကို တင်ပြတယ်။ စုံစမ်းစစ်ဆေးဖို့ တောင်းဆိုတယ်။ ဗဟိုကရွေးချယ်မှုကို မပြင်နိုင် ဘူးလို့ပြောတယ်။ဒါကြောင့် အောက်ခြေမှာ ဖြစ်နေတာတွေကိုဒေါ်အောင်ဆန်းစုကြည်သိရအောင် ဆန္ဒဖော်ထုတ်ကြမှာပါ''ဟုဆန္ဒပြမှုတွင်ပါဝင်မည့်ပါတီဝင်ဦးမြင့်ကျော်ကပြောသည်။
အဆိုပါဆန္ဒဖော်ထုတ်မည့် ကိစ္စအတွက် မြောင်းမြရဲစခန်းသို့ လျှောက်ထားခဲ့ရာ ပါတီတွင်း ကိစ္စဖြစ်နေခြင်း၊ ဆန္ဒပြမှုဥပဒေနှင့် အကျုံးမဝင်ခြင်းတို့ကြောင့် မိမိတို့အနေဖြင့် ခွင့်မပြုသလို တားမြစ်မည်လည်း မဟုတ်ဟု ရဲအရာရှိကပြောကြားခဲ့ကြောင်း ဦးမြင့်ကျော်ကဆက်ပြောသည်။ ''ရဲကခွင့်ပြုတာလည်းမရှိဘူး။ တားလည်း မတားဘူး။ဒါကြောင့် သြဂုတ်လ၁၂ ရက်နေ့၊ မွန်းတည့် ၁၂ နာရီမှာ ဆန္ဒဖော်ထုတ်မယ်။ မြောင်းမြမြို့ NLD  ရုံးရှေ့မှာလုပ်မှာပါ။  ဆန္ဒဖော်ထုတ်တာဟာ NLD ကို ဆန့်ကျင်တာ မဟုတ်ပါ ဘူး။ မဆလခေတ်၊ ၁၉၈၈  ခေတ်တွေ မှာ ဒီလို ရွေးချယ်မှုတွေကြောင့် ပြိုကွဲခဲ့တာမျိုး ထပ်မဖြစ်အောင်လုပ်ခြင်းဖြစ် ပါတယ်''  ဟု ပါတီဆန္ဒ ဖော်ထုတ်မှုတွင်ပါဝင်မည့်သူတစ်ဦးက ပြောသည်။
မြောင်းမြမြို့နယ်ညီလာခံကျင်းပရေကော်မရှင်ကို ဥက္ကဋ္ဌ ဦးရန်နိုင်၊ အတွင်းရေးမှူး ဦးမြင့်လွင် အပါအဝင်၂၁ ဦးဖြင့် ဇူလိုင်လ၊ ၁၆ ရက်နေ့တွင် NLD အတွင်းရေးမှူး ဦးဥာဏ်ဝင်း လက်မှတ်ဖြင့် စတင်ခန့်အပ်ခဲ့ကြောင်း သိရသည်။
'' ၂၁ ဦးပါဝင်တဲ့ကော်မရှင်အဖွဲ့ကို ဗဟိုက ဖွဲ့ပေးခဲ့တယ်။ ၂၁ ဦး မဟုတ်တဲ့ တချို့လူတွေကဗဟိုကော်မတီရဲ့ သဘောထားနဲ့ ကွဲလွဲ ပြီးဆန္ဒထုတ်ဖော်ကြမှာပါ။ ဗဟိုရဲ့ ညွှန်ကြားချက်ကိုလက်မခံတဲ့ NLD ပါတီလျှောက် ထား ဆဲလို့ သိရတဲ့လူတစ်စုကဆန္ဒပြမှာ ဖြစ်ပါတယ်။ NLD အမည်ခံပြီး လုပ်ကြတာပါ။ ဗဟိုကတော့ခန့်ထား တဲ့ ၂၁ ဦးနဲ့ တွဲလုပ်နိုင်ရင် လုပ်ပါ။မတွဲနိုင်ရင်ပါတီကထွက်ပါလို့ ပြောတယ်။ ဒီလူတွေကိုပါတီဝင် မဟုတ်ဘူး လို့ သတ်မှတ်ရုံပဲ ရှိပါတယ်''ဟု မြောင်းမြမြို့နယ် ညီလာခံကျင်း ပရေးကော်မရှင်မှ ဥက္ကဋ္ဌ ခန့်အပ်ခြင်း ခံရသော ဦးရန်နိုင်က ပြောသည်။

No comments:

Post a Comment