Wednesday, August 1, 2012

၈၈ အရေးအခင်းက ဘာတွေ သက်သေပြခဲ့သလဲ


 ၁။ တစ်တိုင်းပြည်လုံး မင်းမဲ့ စရိုက်ဆန်ဆန် ရန်ကုန်မြို့လယ်မှာ အစိုးရလူဆိုပြီး မတရားစွပ်စွဲ အရိုင်းခေတ်က လူတွေလို ခေါင်းဖြတ်သတ်တဲ့ ဖြစ်ရပ်တွေ၊ ရဲစခန်းတွေ ၀င်စီး သေနတ်လုယူ ရဲတွေကို သတ်ဖြတ်ခဲ့တဲ့ လူတွေ၊ အစိုးရ ဂိုဒေါင် ဖောက် ၊ရုံးတွေဖျက်ဆီးခဲ့တာတွေ၊ ပြည်သူတွေ မသွားရဲ မလာရဲ ကြောက်ကြောက်လန့်လန့် နဲ့ နေခဲ့ရတာတွေ၊  နိုင်ငံရေး သမားတွေ၊ အဖွဲ့ အစည်းတွေက တရားဥပဒေ စိုးမိုးရေး  လို့ အော်နေပေမဲ့ တစ်နိုင်ငံလုံး ဖြစ်ချင်သလို ဖြစ်နေတဲ့ အခြေအနေမှာ တပ်မတော် မှ တစ်ပါး ဘယ် အဖွဲ့ အစည်း ၊ ဘယ်ပါတီ မှ  နိုင်ငံကို တည်ငြိမ်အေးချမ်းအောင် မထိန်းသိမ်းနိုင်ဘူးဆိုတာ သက်သေပြခဲ့ပါတယ်။
၂။ပည်သူတွေ  ဆင်းရဲ မွဲတေရင်၊ ပြည်သူ့ ဆန္ဒကို မလေးစားခဲ့ရင် အစိုးရ တစ်ရပ်ဟာ ပြည်သူလူထု က မကျေနပ်လို့  ပြည်သူတွေ ဆန္ဒပြခဲ့လို့  ပြုတ်ကျခဲ့တယ်ဆိုတာ သက်သေပြခဲ့တယ်။
၃။ ပြည်တွင်း စည်းလုံး ညီညွတ်မှု့ မရှိရင်ပြည်ပ နိုင်ငံတွေက  ပြည်တွင်းရေးကို ၀င်ရောက် စွက်ဖက်  တတ်တယ် ဆိုတဲ့  သက်သေပြခဲ့တယ်။( အမေရိကန် စစ်သင်္ဘော မြန်မာရေပိုင်နက် အနီး ရောက်လာခြင်း)







 

No comments:

Post a Comment