Wednesday, August 1, 2012

Huawei ၏ routers များကို ဟက်ကာတို့ တိုက်ခိုက်ခဲ့

from- https://www.facebook.com/mwdmedia?ref=stream

Tuesday 31st July 2012

အမေရိကန် ပြည်ထောင်စု လတ်စ်ဗေးဂတ်စ်တွင် ပြုလုပ်သော နာမည်ကျော် Def Con စုဝေးပွဲတွင် တရုတ် နိုင်ငံရှိ အီလက်ထရွန်းနစ် ထုတ်လုပ်သူ Huawei ၏ ကွန် ပြူတာကွန်ရက် အတွင်းသို့ routers များမှ တစ်ဆင့် ဟက်ကာများ လွယ်ကူစွာ ထိုးဖောက် ဝင်ရောက်နိုင်ကြောင်းကို ပြသခဲ့သည်ဟု chanelnewisasia သတင်းတွင် ဖော်ပြသည်။
ယခုလို ဝင်ရောက်ရာတွင် Huawei ၏ အသေးစား router သုံးခုကို ဟက်ကာများမှ အလွန် ရိုးရှင်းသည့် ဟက်ကာ နည်းလမ်းများကို အသုံးပြုရုံဖြင့်ပင် ထိုးဖောက် နိုင်ခဲ့ခြင်း ဖြစ်သည်ဟုလည်း ပြောကြား သွားခဲ့သည်။ Huawei ၏ routers များမှာ အာရှ ၊ အာဖရိကနှင့် အရှေ့အလယ်ပိုင်း ဒေသများတွင် သုံးစွဲလေ့ရှိပြီး ယင်းကုမ္ပဏီမှာ အမေရိကန်နှင့် ဥရောပဈေးကွက်များတွင် နေရာယူနိုင်ရန် ကြိုးစားနေခြင်း ဖြစ်သည်ဟု ဂျာမနီ အခြေစိုက် Recurity ကုမ္ပဏီမှ ပြောခဲ့သည်။ Huawei ကုမ္ပဏီကို ယခင်က ပြည်သူ့လွတ်မြောက်ရေး တပ်တွင် အင်ဂျင်နီယာအဖြစ် ဆောင်ရွက်ခဲ့သူမှ ထူထောင်ခဲ့ခြင်းဖြစ်ပြီး ကမ္ဘာ့ဆက်သွယ်ရေး လုပ်ငန်းများအတွင်း နေရာရနိုင်ရန် ကြိုးစားနေခြင်းဖြစ်ကာ မိုဘိုင်းဖုန်း ကွန်ရက်များကို ထူထောင်ရန် ကြိုးစားနေခြင်း ဖြစ်သည်။


No comments:

Post a Comment