Monday, August 6, 2012

ဒေါ်အောင်ဆန်းစုကြည်၏အထ္တုပတ္တိအသစ်TheLadyAnd ThePeacockစာအုပ်ထွက်ရှိ

From - ပေါ်ပြူလာ  


စာအုပ်ကို ပြုစုသူ Peter Popham က အပိုင်းငါးပိုင်းခွဲ၍ ရေးသားပြုစုထားသည်။
ပထမပိုင်းဝယ် ဒေါ်အောင်ဆန်းစုကြည်၏ ငယ်စဉ်ဘ၀နှင့်ပတ်သက်၍ ရေးသားဖေါ်ပြထားပြီး၊ ဒုတိယပိုင်းတွင်မူ မိခင်ကြီးမကျန်းမာခြင်းကြောင့် မြန်မာနိုင်ငံသို့ရောက်ရှိလာရခြင်းမှ အစပြုကာ နိုင်ငံရေးနယ်ပယ်ထဲသို့စတင်ရောက်ရှိလာခြင်း အကြမ်းမဖက်လှုပ်ရှားမှုများဖြင့် ကြံ့ကြံ့ခံတွန်းလှန်ခဲ့ခြင်းအစရှိသည်တို့ကိုရေးသားထားပါသည်။

တတိယပိုင်းတွင်မူ ပူဆွေးသောကရောက်ရမှုများ၊ ငါးဦးဂိုဏ်း၊ ရွေးချယ်မှုများစသည့်ဖြင့်ရေးသားထားပြီး စတုတ္ထပိုင်းတွင်မူ ၉၉၀ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီပါတီ အပြတ်အသတ်အနိုင်ရခြင်း၊ ငြိမ်းချမ်းရေးနိုဘယ်ဆုရရှိခြင်း အစရှိသည်တို့ကိုရေးသားဖော်ပြထားသည်။

နောက်ဆုံးအပိုင်းတွင်မူ သူ၏ တွေ့ဆုံဆွေးနွေးမှုများ၊ သူ၏ရည်မှန်းချက်များ၊ ရွှေဝါရောင်တော်လှန်ရေး ခွပ်ဒေါင်း၏အကျိုးသက်ရောက်မှုများ စသည်ဖြင့်ရေးသားဖော်ပြထားပါသည်။

ထိုစာအုပ်တွင် ဒေါ်အောင်ဆန်းစုကြည်၏ ရှားပါးဓာတ်ပုံပေါင်း ၄၃ ပုံပါရှိသည်။ ယခုစာအုပ်ကို ဒေါ်အောင်ဆန်းစုကြည်၏ အထ္ထုပတ္တိသစ်ဟုဆိုကြသည်။

ငြိမ်းချမ်းရေး နိုဘယ်ဆုရင် ခရစ်ယာန်ဘုန်းတော်ကြီး ဒက်စမွန်တူးတူးက "လက်ဖျားခါရအောင်ကောင်းသည်"ဟုမှတ်ချက်ချသည်။

ကမ္ဘာကျော် စာအုပ်ထုတ်ဝေရေးကုမ္ပဏီကြီးတစ်ခုဖြစ်သည့် Rider စာအုပ်တိုက်မှထုတ်ဝေခြင်းဖြစ်သည်။

No comments:

Post a Comment