Friday, September 21, 2012

အိန္ဒိယ နိုင်ငံသည် သောကြာနေ့က နျူကလီးယား ထိပ်ဖူး တပ်ဆင်နိုင်သည့် Agni-III ဒုံးကျည်ကို စမ်းသပ် ပစ်လွှတ်


အိန္ဒိယ နိုင်ငံသည် သောကြာနေ့က နျူကလီးယား ထိပ်ဖူး တပ်ဆင်နိုင်သည့် Agni-III ဒုံးကျည်ကို စမ်းသပ် ပစ်လွှတ်ခဲ့ကြောင်း သိရှိရသည်။ အိုဒီရှာ ကမ်းလွန်ရှိ ကျွန်းတစ်ကျွန်းမှ ပစ်လွှတ်ခဲ့သည့် ပဲ့ထိန်းဒုံးကျည်သည် မြေပြင်မှ ဝေဟင်ပစ် အမျိုးအစားဖြစ်သည်။ ထိုဒုံးကျည်သည် အကွာအဝေး ကီလိုမီတာ (၃၀၀၀)မှ ပစ်မှတ်ကို ဖျက်ဆီးနိုင်ပြီး (၁.၅)တန် အလေးချိန်ရှိသည့် နျူကလီးယား ထိပ်ဖူးကို သယ်ယူနိုင်သည်။


ဒုံးကျည်ကို ရွေ့လျားပစ်စင်မှ လွှတ်တင်ခဲ့ခြင်းဖြစ်ကြောင်း ကာကွယ်ရေးဌာန တာဝန်ရှိသူများ၏ အဆိုကို ကိုးကား၍ PTIသတင်းဌာနက ဖော်ပြခဲ့သည်။ ယခုစမ်းသပ်မှုသည် Agni-IIIအတွက် ပဉ္စမအကြိမ်မြောက် စမ်းသပ်မှု ဖြစ်ပြီး ယင်းမတိုင်မီ (၂)ရက်ကလည်း တာဝေးပစ် Agni-IV ဒုံးကျည်ကို အောင်မြင်စွာ ပစ်လွှတ်နိုင်ခဲ့သည်
From -Planet Myanmar Network

No comments:

Post a Comment