- လက်ပ်တော့လည်း မကိုင်ရရှာ
- ဖတ်စာအုပ်လည်း မကိုင်ရရှာ
သားသမီးချင်း ကိုယ်ချင်းစာကြည့်ကြပါဦး။
ရင်နင့်စရာ မကောင်းဘူးလား။
ကချင်ပြည်နယ်အရေး ရင်လေးစရာ ကောင်းလှ၏။
ငြိမ်းချမ်းရေး နှုတ်ဖြင့် တည်ဆောက် မရပါ။
အလုပ်ဖြင့် သက်သေပြကြပါဦး။
သေနတ်သံ ညံနေသလို
စကားသံတွေလည်း ညံနေသည် မဟုတ်ပါလား။
ပြည်သူကို တကယ်ချစ်လျှင် ယုံကြည်ရာကို စွန့်ရဲရမည်။
စွန့်ရဲသည့် သတ္တိ အမြင့်မြတ်ဆုံး ဖြစ်၏။
မြန်မာ့မြေ မြင့်မြတ်စေချင်သည်။
ဤကား သံတော်ဆင့်၏ ဆန္ဒဖြစ်ပါသတည်း။ ။
- အရက်များ ကံစမ်းမဲ ပေးလွန်းနေသည်။
ကိုယ်ကျိုးစီးပွား ရှေ့တန်းမတင်ကြပါနှင့်။
ငမူးတို့တိုင်းပြည်ဟု အပြောခံကြမည်လား။
ခေတ်သစ်ကို အရက်သမားများဖြင့် တည်ဆောက်မရပါ။
တာဝန်ရှိသူများ လိုင်စင်ထိန်းကြပါဦး။ ။
- ရန်ကုန်တိုင်းအတွင်း ယာဉ်တိုက်မှု ပိုများလာသည်။
ယာဉ်စည်းကမ်း လိုက်နာကြပါဦး။
သင်အိမ်ပြန်ချိန် အားလုံးက မျှော်နေကြသည်။
ပျော်လို့ကပ်ထားသည့် စာတန်းမဟုတ်ပါ။
မိနစ်ပိုင်းအတွင်း ဘ၀များ ပျက်သွားနိုင်၏။
သာဓကများစွာ ရှိခဲ့ပြီ မဟုတ်ပါလား။
ယာဉ်တိုက်မှု လျော့နည်းရေး
ယာဉ်ထိန်းများလည်း တာဝန်ရှိသည်။
ပညာပေးရုံဖြင့် မလုံလောက်ပါ။
ကိုယ်တိုင်လည်း သီလလုံဖို့လို၏။
အရာရာ လက်မဖြန့်ပါနှင့်။
ပစ်ပေးတိုင်းလည်း မကောက်ဖို့လိုသည်(မီးပွိုင့်မှာ)
ယူနီဖောင်း အားနာကြပါဦး။ ။
- မီးပွိုင့်မှာ တောင်းရမ်းသူ သောင်းကျန်းနေသည်။
သန်သန်စွမ်းစွမ်းများလည်းပါ၏။
သည်အရေး မည်ကဲ့သို့ ဖြေရှင်းမည်နည်း။
ကမ္ဘာ့အလယ် ရှက်ဖွယ်ကောင်းသည် မဟုတ်ပါလား။
တံခါးဖွင့်လိုက်ပြီဆိုတာကို သတိပြုကြပါဦး။ ။
- ဒီတစ်ပတ် နားဦးမည်။
မိန်းဆွိများ ပိတ်ထားကြပါ။
နောက်ဖေးလှေခါး မယုံစားပါနှင့်။
ပြုတ်ကျသေလျှင် တရားခံမရှိပါ။
ဘယ်သူ့ကို အရေးယူမည်နည်း။
“အသက်ကို ဉာဏ်စောင့်သည်” ဟူ၍ပဲ
သံတော်ဆင့် မှာလိုက်မည်။
ကန်ထရိုက်များ ကျန်းမာချမ်းသာကြပါစေ။ ။
ဗဦးမောင်
From-သံတော်ဆင့်
No comments:
Post a Comment