Saturday, September 8, 2012

APEC ထိပ်သီးဆွေးနွေးပွဲ တက်ရောက်လာသည့် နိုင်ငံ့ခေါင်းဆောင်များနှင့် ရုရှားသမ္မတ သီးခြားတွေ့ဆုံမည်

From- မြ၀တီ 

ရုရှားသမ္မတ ဗလာဒီမာပူတင်သည် APEC ထိပ်သီး ဆွေးနွေးပွဲသို့ တက်ရောက်လာသည့် နိုင်ငံ့ အကြီးအကဲ များနှင့် ထိပ်သီး ဆွေးနွေးပွဲ ပြင်ပ၌ သီးခြားတွေ့ဆုံ သွားမည်ဖြစ်ကြောင်း ၄င်း၏ လက်ထောက် ဖြစ်သူက သတင်းထောက်များကို ပြောကြားခဲ့ကြောင်း သိရသည်။ သမ္မတပူတင်သည် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန်၊ ဂျပန်နှင့် ကနေဒါနိုင်ငံတို့မှ ဝန်ကြီး ချုပ်များ အပါအဝင် နိုင်ငံပေါင်း ၁၅နိုင်ငံမှ ခေါင်း ဆောင်များနှင့် တွေ့ဆုံသွားမည် ဖြစ်ကြောင်းသိရသည်။
အမေရိကန် သမ္မတ ဘားရက်အိုဘားမားသည် သမ္မတ ရွေးကောက်ပွဲကြောင့် ၄င်း၏ ကိုယ်စား ဟီလာရီကလင်တန်က အဆိုပါ အစည်းအဝေးသို့ တက်ရောက် ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ ရုရှားနိုင်ငံတွင် စက်တင်ဘာ ၇ရက်မှ ၉ရက် အထိကျင်းပမည့် ၄င်းထိပ်သီး ဆွေးနွေး ပွဲတွင် သမ္မတပူတင်က မိန့်ခွန်းပြောကြားမည် ဖြစ်ကြောင်း သိရသည်။ ရုရှားနိုင်ငံသည် APECအဖွဲ့၏ အလှည့်ကျ ဥက္ကဋ္ဌတာဝန်ကို ယခုနှစ် ဇန်နဝါရီလမှ စတင်တာဝန် ယူခဲ့ပြီး အင်ဒိုနီးရှားနိုင်ငံ အဆိုပါအဖွဲ့ ကြီး၏ အလှည့်ကျ ဥက္ကဋ္ဌအဖြစ် ၂ဝ၁၃ခုနှစ်တွင် တာဝန်ယူသွားမည် ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment