Saturday, September 8, 2012

ဆီးရီးယားနိုင်ငံအတွင်းရှိ အတိုက်အခံအဖွဲ့ထံသို့ ငွေကြေးနှင့် လက်နက်အကူအညီများ ပြင်သစ်အစိုးရပေးပို့

From- မြ၀တီ

ပြင်သစ်အစိုးရသည် ဆီးရီးယား နိုင်ငံအတွင်းရှိ အစိုးရ အတိုက်အခံအဖွဲ့များ သိမ်းပိုက်ထားသည့် ဒေသ များသို့ ငွေကြေး အကူအညီများ၊ လက်နက်များနှင့် လေယာဉ်ပစ် လက်နက်များ ကူညီထောက်ပံ့ ပေး ခဲ့ကြောင်း အင်တာနက် သတင်းတစ်ရပ်အရ သိရသည်။
ဆီးရီးယား သမ္မတ ဘာရှာအယ်လ် အာဆတ်၏ အစိုးရအဖွဲ့အား ဖြုတ်ချရန် ကြိုးပမ်းမှုများသည် အရှိန်အဟုန် တိုးမြင့်လာသောကြောင့် ပြီးခဲ့သည့် ရက်သတ္တပတ် အနည်းငယ် အတွင်းက ဆီးရီးယား အတိုက်အခံအဖွဲ့များနှင့် ပြင်သစ်အစိုးရ၏ ဆက်ဆံရေးသည် ပို၍ အားကောင်းလာခဲ့ ကြောင်း သံတ မန်ရေးရာ ဌာနမှ အမည်မဖော်လိုသူ တစ်ဦး၏ စက်တင်ဘာ ၅ရက်က ပြောကြားချက်ကို ကိုးကား၍ ရုရှား သတင်းကွန်ရက် တစ်ခုက ဖော်ပြခဲ့သည်။

ထို့အပြင် ပြင်သစ်အစိုးရသည် ဆီးရီးယား အတိုက်အခံ အဖွဲ့များနှင့် ၄င်းတို့ကြား ဆက်သွယ်မှုကို တိုးမြှင့် ရန်အတွက်လည်း လုပ်ဆောင် လျက်ရှိပြီး ဆီးရီးယားနိုင်ငံ အတွင်းရှိ ပြည်နယ် သုံးခုမှ အစိုးရ အတိုက်အခံ အဖွဲ့ခေါင်းဆောင်ငါးဦးထံသို့ ပစ္စည်းနှင့် ငွေကြေးများကို ပေးပို့ခဲ့သည်ဟု သိရသည်။ ထို့အတူ ဆီးရီးယား အတိုက်အခံ အဖွဲ့များအား ယူရို ၅သန်းကျော် ပေးပို့ ကူညီ သွားမည်ဖြစ်ကြာင်း ပြင်သစ်အစိုးရက ကတိပြု ပြောကြားခဲ့ သည်ဟု သိရသည်။

No comments:

Post a Comment