Saturday, September 1, 2012

Apple ၏ နည်းပညာကို Samsung ပုံတူကူးချခြင်းမရှိဟု ဂျပန်တရားရုံးဆုံးဖြတ်

samsung galaxy tab 7Apple ၏ နည်းပညာများကို မူပိုင်ခွင့်ချိုးဖောက်၍ကို ကူးယူခဲ့မှုဖြင့် Samsung အား အမေရိကန်တရားရုံးက ဒေါ်လာ ၁ ဘီလျံ ပေးဆောင်ရန် စီရင်ချက်ချမှတ်ခဲ့သည်။
သို့သော် အမေရိကန် တရားရုံး၏ အဆိုပါစီရင်ချက်ချမှတ်အပြီး တစ်ပတ်အကြာတွင်မူ ဂျပန်နိုင်ငံ တိုကျိုတရားရုံးက Apple နှင့် Samaung တို့ ဖြစ်ပွား သည့် အလားတူအမှုကိစ္စတွင် Samsung အနေဖြင့် Apple မူပိုင်ခွင့် ချိုးဖောက်၍ ပုံတူကူးချ ခိုးယူခဲ့ခြင်းမရှိကြောင်း ဆုံးဖြတ်လိုက်သည်။

Samsung အနေဖြင့် ၎င်း၏ Galaxy smartphone များနှင့် Galaxy Tablet များ ထုတ်လုပ်ရာတွင် Apple ၏ iPhone, iPad တို့တွင် အသုံးပြုထားသော နည်းပညာများကို ပုံတူကူးချခိုးယူထားခြင်း မတွေ့ရှိရကြောင်း တိုကျိုတရားရုံးက ယနေ့ စီရင်ချက်ချမှတ်သည်။ ယခုအမှုကိစ္စတွင် Samsung ၏ ထုတ်ကုန်များဖြစ်သော Galaxy S, Galaxy S2 နှင့် Galaxy Tab 7 တို့တွင် ပါဝင်သော music, video တို့ကို ကွန်ပျူတာနှင့် synchronize ပြုလုပ်သည့် နည်းပညာမှာ ၎င်းတို့ထံမှ ကူးချထားခြင်းဖြစ်ကြောင်း Apple က ပြောကြားထားကြောင်း CNN တွင် ဖော်ပြသည်။

No comments:

Post a Comment