Saturday, September 1, 2012

အပြင်းဆုံး ပင့်ကူအဆိပ်က ပန်းသေပန်းညှိုးရောဂါအတွက် အာနိသင်ရှိ

ကမ္ဘာပေါ်တွင် အဆိပ်အပြင်းဆုံး ပင့်ကူမျိုးနွယ် တစ်ခုမှ အဆိပ်သည် အမျိုးသားများ၏ စွမ်းအင်ယုတ်လျော့မှုကို ကုစားရာတွင် အသုံးဝ င်ကြောင်း သိရှိရသည်။
ဘရာဇီးလ်တွင် အဓိက တွေ့ရှိရသည့် အဆိုပါ ပင့်ကူမျိုးသည် ကမ္ဘာပေါ်တွင် အခြားသော ပင့်ကူမျိုးစိတ် များထက် လူသေဆုံးမှု မြင့်မားအောင် အန္တရာယ် ပေးလေ့ရှိသည့် အင်းဆက်များ ဖြစ်ကြသည်။ သို့သော်လည်း ၎င်းတို့၏ အဆိပ်သည် ပန်းသေပန်းညှိုးကဲ့သို့ အမျိုးသား ပြဿနာများကို ဖြေရှင်းရာတွင် မိနစ်(၂၀)အတွင်း သိသာသော အကျိုး အာနိသင် ရှိစေကြောင်း ပညာရှင်များက ဖော်ပြခဲ့သည်။
သိပ္ပံအမည် Phoneutria nigriventerဟု ခေါ်ဝေါ်သော အဆိုပါ ပင့်ကူများမှ အဆိပ်သည် Viagraကဲ့သို့ သက်ရောက်မှုမျိုး ဖြစ်ပေါ်တတ်ကြောင်း သုတေသီများက ဆိုသည်။ ယင်းအဆိပ်ကို သင့်တင့်သည့် ပမာဏမျှ အသုံးပြုရာတွင် နစ်ထရစ်အောက်ဆိုက်ကို ထုတ်ပေးပြီး ယင်းသည် သွေးကြော များအတွင်း သွေးလည်ပတ်မှုနှုန်း မြန်ဆန်အောင် တွန်းတင်ပေးနိုင်သည့် ဓာတုဖြစ်စဉ် ကို ပေါ်ပေါက်လာစေသည်။ အဆိုပါ ပင့်ကူများကို ငှက်ပျောပင့်ကူဟု လူသိများပြီး အသီးအနှံများ အနီးတွင် ခိုအောင်းနေလေ့ ရှိတတ်ခြင်းကြောင့် ထိုသို့ လူသိများခြင်း ဖြစ်သည်။

(၂၀၀၈)ခုနှစ်က ကန့်နယ်ရှိ စူပါမားကက် တစ်ခုတွင် ငှက်ပျောသီးခြင်းများ အောက်ဘက်၌ အဆိုပါ ပင့်ကူမျိုး တစ်ကောင်ကို တွေ့ရှိပြီးနောက် စူပါမားကက်ကို ပိတ်ခဲ့ရဖူးသည်။ ဗြိတိန် တွင် ပြုလုပ်ထားသော စမ်းသပ်မှုများအရ Viagraကဲ့သို့ ဆေးဝါးများသည် အသုံးပြုသူ (၇၀)ရာခိုင်နှုန်း ဝန်းကျင်တွင်သာ အာနိသင်ရှိပြီး ကျန်သူများတွင် လုံးဝ သက်ရောက်မှု မတွေ့ရဟု သိရှိရသည်။ ဘရာဇီးလ် သုတေသီများသည် အဆိုပါ ပင့်ကူ ကိုက်ခဲမှု ခံရပြီးနောက် အဆိပ်ဖြေ ကုသပေးလိုက်သည့် လူနာများက မိမိတို့၏ လိင်မှုဘဝတွင် ပိုမိုသာယာဖွယ်ရာ ဖြစ်လာကြောင်း ပြောဆိုခဲ့ပြီးနောက် ယခုပင့်ကူ၏ အဆိပ်ကို အလေးအနက် သုတေသန ပြုလာခြင်းဖြစ်သည်။

No comments:

Post a Comment