Saturday, September 1, 2012

မဲခေါင်တက္ကသိုလ်စကောလားရှစ် မြန်မာနိုင်ငံမှလည်း လျှောက်ထားနိုင်



(မဲခေါင်တက္ကသိုလ်ဝက်ဘ်ဆိုက်စာမျက်နှာ)
မဲခေါင်တက္ကသိုလ် (Mekong Institute - MI) ၏ ၂၀၁၃ ခုနှစ်အတွက် စကောလားရှစ်အစီစဉ်တွင် မြန်မာနိုင်ငံ မှ ကျောင်း သူ၊ ကျောင်းသားများလည်း ပါဝင်လျှောက် ထားနိုင်ေ ကြာင်း အဆိုပါတက္ကသိုလ်က သတင်းထုတ်ပြန်သည်။ Mekong Institute - New Zealand Ambassador's Scholarship (MINZAS) ပညာသင် ဆုအတွက် ကမ္ဘောဒီးယား၊ လာအို၊ မြန်မာနှင့် ထိုင်းနိုင်ငံတို့ မှ ကျောင်းသူ၊ ကျောင်းသား ၁၂ ဦးကို ရွေးချယ်သွားမည် ဖြစ်သည်။
မြန်မာနိုင်ငံမှ ကျောင်းသူ၊ ကျောင်းသား ၄ ဦးကို ရွေးချယ်သွားမည့် အဆိုပါပညာသင်ဆုအား ဘန်ကောက်မြို့ရှိ နယူးဇီလန်သံရုံးမှ ထောက်ပံ့ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။ စကောလား ရှစ်လျှောက်လွှာများကို ၂၀၁၂ ခုနှစ် နိုဝင်ဘာ ၃၀ ရက် နောက်ဆုံးထားပေးပို့ရမည် ဖြစ်သည်။ အသေးစိတ် အချက်အလက်များကို Mr. Seang Sopheak (Program Facilitators, Mekong Institute), E-mail: sopheak@mekonginstitute.org သို့ ဆက်သွယ်၍လည်းကောင်း၊ မဲခေါင်တက္ကသိုလ်ဝက်ဘ်ဆိုက်၏ www.mekonginstitute.org/minzas စာမျက်နှာတွင်လည်းကောင်း ဝင်ရောက်ကြည့်ရှုနိုင်မည် ဖြစ်သည်။ လျှောက်လွှာပုံစံနှင့် အသေးစိတ်အချက်အလက်များကို http://110.164.59.211/program2012/MINZAS_2012/application_forms.htm တွင် download ရယူနိုင်ပါသည်။

No comments:

Post a Comment