Saturday, September 1, 2012

အိန္ဒိယစစ်ဘက်ရဟတ်ယာဉ်နှစ်စင်း တိုက်မိသဖြင့် လေတပ်သား ၈ ဦးသေဆုံး


အိန္ဒိယစစ်ဘက်ရဟတ်ယာဉ်နှစ်စင်း တိုက်မိသဖြင့် လေတပ်သား ၈ ဦးသေဆုံး
အိန္ဒိယနိုင်ငံတွင် စစ်ဘက်သုံး ရဟတ်ယာဉ်နှစ်စင်း လေထဲတွင် တိုက်မိ ရာ လေတပ်သား (၈)ဦး သေဆုံးသွားကြောင်း သိရှိရသည်။ နိုင်ငံ အနောက် ပိုင်း ဒေသတွင် ဖြစ်ပွားသော မတော်တဆမှုသည် အိန္ဒိယ လေတပ်အတွက် ဆိုးရွားသော ထိခိုက်မှုတစ်ခု ဖြစ်လာစေခဲ့သည်။
အိန္ဒိယလေတပ် မှ ပြောရေးဆိုခွင့်ရ အရာရှိက ရဟတ်ယာဉ် နှစ်စင်း သည် လေ့ကျင့် ပျံသန်းမှု ပြုလုပ်ရင်း နားလည်မှုလွဲကာ ဝင်တိုက်မိခဲ့ခြင်း ဟု ပြောကြား သွားသည်။
ဗိုလ်ကြီး အမ်ဂျီမာတာက ပျက်ကျသွားသော ရဟတ်ယာဉ် နှစ်စင်းလုံးသည် ရုရှားလုပ် Mil MI-17 အမျိုးအစားများ ဖြစ်ကြကြောင်း သတင်းထောက်များထံ ပြောဆိုသွား ခဲ့သည်။ လေထဲတွင် နှစ်စင်းဝင်တိုက်မိလောက်အောင် ဖြစ်ခဲ့ရသည့် အမှားအယွင်းနှင့် ပတ်သက် ပြီး လေတပ် က စုံစမ်းမှုများ ပြုလုပ်နေဆဲ ဖြစ်သည်။
ကြာဿပတေးနေ့က ဂျမ်နာဂျာ မြို့အနီးတွင် ဖြစ်ပွားသော မတော်တဆမှုတွင် ရဟတ်ယာဉ် တစ်စင်းသည် ဆိုးဆိုးရွားရွား မီးလောင်သွားကြောင်း မျက်မြင်များက ဆိုသည်။ ရဟတ်ယာဉ်များသည် အချင်းချင်း တိုက်မိပြီးနောက် အနီးရှိ လယ်ကွင်းများထဲ ပျက်ကျသွားခဲ့သည်။ ယခုအခါ တစ်စစီ ပြန့်ကျဲနေသော အပိုင်းအစများကို ပြန်လည်စုစည်းကာ ဂျမ်နာဂျာမြို့ရှိ လေတပ် အခြေစိုက် စခန်းသို့ ပြန်လည် သယ်ယူမှုများ ပြုလုပ်နေကြောင်း သိရှိရသည်။

No comments:

Post a Comment