Tuesday, September 11, 2012
မြန်မာအလုပ်သမား နှစ်ဦးအကြား သတ်ဖြတ်မှုဖြစ်ပွား
သြဂုတ်လ ၂၉၊ ခိုင်ကြီး
    ထိုင်းနိုင်ငံ ဘန်ကောက်မြို့ အနီး ဖလန် အမှတ် ၂ လမ်းမကြီး ထာခမ်း လမ်းသွယ် ၆/၁ ရှိ Hiriuj Lcora Co, LTD   ခဲအရည်ကြို စက်ရုံအတွင်း သြဂုတ်လ ၁၄ ရက် နေ့တွင် မြန်မာအလုပ်သမား တစ်ဦး အား အခြားမြန်မာတစ်ဦးက ရိုက်သတ်ခဲ့ကြောင်း သိရ သည်။
         လုပ်ငန်းအတွင်း နားခွင့်တောင်းရာမှ ခွင့်မပြုသည့်အပေါ် မကျေနပ်သောကြောင့် ကိုတင်မြင့်ဦး (သေဆုံးသူ) အိပ်ပြောနေ စဉ် သံတူရွင်းဖြင့် ရိုက်သက်လိုက်ခြင်းဖြစ်ကြောင်း တရားခံဟု ယူဆရသူ  စောနုနုက ရဲစခန်းတွင် ကိုယ်တိုင်ဖြောင့်ချက်ပေးသွားသည်ဟု အမှုစစ်ဆေးစဉ် အတူရှိနေသည့် မညွန့်ညွန့်စန်း က ပြောသည်။
             သြဂုတ်လ ၁၄ ရက် မိုးလင်းအာရုံတက် ၅ နာရီ လက်ကျိုးဒဏ်ရာဖြင့် စောနုနု (တရားခံ) ဆိုသူက အိပ်ခန်းတံခါးလာခေါက်ပြီး အသိပေးသဖြင့် အလုပ်ခွင်ထဲဝင်ကြည့်ရာမှ ဦးခေါင်းဒဏ်ရာဖြင့် လဲနေ သော   မောင်ဖြစ်သူ ကိုတင်မြင့်ဦး (ခ) ဖိုးငယ်လေးကို တွေ့ရသည်ဟု ဆိုသည်။
                  စက်ရုံပိုင်ရှင် ထိုင်းသူဌေးက မနက် ၆ နာရီခန့်တွင် စက်ရုံသို့ရောက်လာပြီး လက်ကျိုးနေ သည့်  စောနုနု နှင့် သေဆုံးသူအား အေကချိုင်လမ်းရှိ ဘန်ဘကော်ကောက် ဆေးရုံသို့ ပို့ဆောင်ပေး ခဲ့ခြင်းဖြစ်သည်။
       သေဆုံးသူ၏အဒေါ် ဒေါ်ထွေးအေးက နယ်မြေခံရဲကို အကြောင်းကြားသော်လည်း မရောက်လာသဖြင့် သြဂုတ်လ ၁၅ ရက်နေ့တွင် မြန်မာသံရုံး အလုပ်သမားရေးရာ အရာရှိ ဦးကျော်ကျော်လွင်ထံ အကြောင်း ကြားခဲ့သည်။
             သြဂုတ်လ ၁၆ ရက်နေ့တွင် နယ်မြေခံရဲများက ဆေးရုံတက်နေသော စောနုနုကို မသင်ကာမှုဖြင့် ထားခန့် ရဲစခန်းသို့ ခေါ်ယူစစ်ဆေးရာမှ လူသတ်တရားခံသည် စောနုနုကိုယ်တိုင်ဖြစ်ကြောင်း သိကြရ ဖြစ်သည်။
သေဆုံးသူမှာ ကရင်ပြည်နယ် လှိုင်းလွဲမြို့မှ ဦးသန်းညွန့်၏သား ကိုတင်မြင့်ဦး (ခ) ဖိုးငယ်လေး၏ ရုပ်အလောင်းကို သြဂုတ်လ ၁၆ ရက်နေ့တွင် ဘန်ခယ်ဝက်တလုံးကျောင်းတွင် သင်္ဂြိုလ်ပြီးဖြစ်သည်။
စက်ရုံသူဌေးက သင်္ဂြိုလ်စားရိတ် ဘတ်ငွေ ၂၀,၀၀၀ ကို ကုန်ကျခံသည့်အပြင် သေဆုံးသူအတွက် “လူမှုရေးထောက်ပံ့ငွေ” အဖြစ် ဘတ်ငွေ (တစ်သိန်း) တန် ချက်လက်မှတ်ကို သေဆုံးသူ၏အစ်မ မညွန့်ညွန့်စန်းအား စာထော်လမ်း အမှတ် ၁၂ လမ်းရှိ မြန်မာသံရုံးအနီးမှ မြန်မာအလုပ်သမားအရာရှိ ရုံးခန်းတွင် သူဌေးကိုယ်စား သားဖြစ်သူ Mr Taywin  keetanan  က လွှဲပေးခဲ့သည်။
တရားခံစောနုနုကိုမူ ထိုင်းအာဏာပိုင်များက မြန်မာအာဏာပိုင်များထံသို့ လွဲပြောင်းပေးပြီဖြစ် လိုက်ကြောင်း မညွန့်ညွန့်စန်းကပြောသည်။ 
From -ရွှေလုပ်သားဂျာနယ်
No comments:
Post a Comment