Tuesday, September 11, 2012

မျက်စိရောဂါလူနာများအတွက် ကုသိုလ်ဖြစ် Myanmar Eye Care Project အစီအစဉ်


မျက်စိကုသဖို့ ငွေကြေးမတတ်နိုင်ကြသူတွေကို အကြောင်းကြားပေးကြပါ၊ ပိုက်ဆံမကုန်ပဲ ကုသိုလ်ရပါတယ်...
ဇီဝိတဒါနသံဃာ့ဆေးရုံကြီး - ရန်ကုန် တွင် သြစတြေးလျနိုင်ငံ Myanmar Eye Care Project အစီအစဉ်ဖြင့် ရဟန်းရှင်လူ မျက်စိရောဂါလူနာများကို ၃-၉-၂၀၁၂ ရက်မှစ၍ လူနာဦးရေ (၅၀၀၀) အထိ ကုသိုလ်ဖြစ်ခွဲစိ တ်ကုသပေးဖို့ အစီအစဉ်ရှိပါသည်။

 အကယ်၍ အလူရှင်ထပ်ပေါ်လာပါက ဦးရေငါးထောင်ထက်ပိုမိုကုသ နိုင်မည်ဖြစ်ပါသည်။

လောလောဆယ် မှတ်ပုံတင်ထားသူဦးရေ ငါးရာဝန်းကျင်သာရှိသေးပြီး - ခွဲစိတ်လူနာ (၁၀) ဦးခန့် သာရှိသေးပါသည်။

 မျက်လုံးအတွက်ဒုက္ခဖြစ်နေ သူများကို နီးစပ်ရာ မှတဆင့်အကြောင်းစေလိုပါသည်။ ကျေးဇူးတင်ပါသည် - ... ဒေါက်တာပိုးသဲ (ဇီဝိတဒါနသံဃာ့ဆေးရုံကြီး - ရန်ကုန်)
From -ရွှေလုပ်သားဂျာနယ်

No comments:

Post a Comment