Friday, September 28, 2012

ဆက်သွယ်ရေးလုပ်ငန်း ကျေးလက်ဒေသအထိ ကွန်ရက်ဖြန့်ကျက်ဖို့လို

စစ်ကိုင်းတိုင်းဒေသကြီး ကောလင်းမြို့မှာ ဆက်သွယ်ရေး   စာတိုက်တစ်ခု၊စာတိုက်ရှေ့ရှိ စာ တိုက်ပုံးတစ်လုံး ၊မြန်မာ့မီးရထား ဆက်သွယ်ရေးစာတိုက်(ဘူတာ)   နယ်မြေတွင် စာတိုက်တစ်ခု၊ည  (၆)နာရီထိ သိမ်းဆည်းသော စာ တိုက်ပုံးတစ်ပုံးသာရှိသည်။

မြို့ဧရိယာရပ်ကွက်ကြီး ၁၁ ရပ်ကွက် ကျေးရွာအုပ်စု ၄၇အုပ် စု၊ကျေးရွာပေါင်း ၂၁၀တွင် လူဦး ရေ(၁၂၂၄၆၇)ဦးတွင် မြို့နေ ၉၁၉၄   ဦး ကျေးလက်(၁၁၃၂၇၃)ဦးရှိပါ သည်။မြို့လူဦးရေနှင့်စာတိုက်ပုံး  ထားရှိနှုန်းက အချိုးမကျ၊လွန်စွာ နည်းလှသည်။
ကောလင်းဆက်သွယ်ရေး စာတိုက်၌ စခန်းမှူး ဆသရ(၃)-  ၁ဦး၊ဆသရ(၄)ဦး-၁ဥဦး၊ဆသရ(၅)-၄ဦးဖြင့်ဖွဲ့စည်း၍ စာဝေ စာမှတ်ပုံတင်ခြင်းကို ဆောင် ရွက်လျက်ရှိပါသည်။စာဝေဌာန ရပ်ကွက်ကလည်း ဘောင်ကျဉ်း နေပါသည်။မြို့ပေါ်ရပ်ကွက်အား လုံး စည်ပင်နယ်နိမိတ်အားလုံးကို   စာဝေငှနိုင်အောင် ၀န်ထမ်းအင် အားဖြည့်ပေးဖို့လိုနေသည်ဟု သိ ရသည်။
ယခု ၂၀၁၁-၂၀၁၂ခုနှစ်တွင်   ပြည်တွင်းပို့ခ ပြည်ပကျပ် ၅၀၀ထိ    တိုးမြှင့်ကောက်ခံနေပါပြီ။အခွန် ထမ်းပြည်သူများဖက်ကလည်း   စာမရေးချင်မရသဖြင့် စာတိုက်  (ဆသရ)ကို အပြေးအလွှားအား ကိုးကြရသည်။
ဆက်သွယ်ရေးကဏ္ဍဖွံ့ဖြိုး တိုးတက်ပါမှ ပြည်သူလူထု၏ စီ့း ပွားရေးလိုအင်ဆန်္ဒ ၀န်ဆောင်မှု များဖြည့်စွမ်းနိုင်ပါမည်။
ဆက်သွယ်ရေး(ကြေးနန်း)  မှ ဖက်စ် FAX တစ်ရွက် (A4) ကို   နှစ်ရာကျပ်၊ (Legal )  တစ်စောင် ကို သုံးရာကျပ်ဖြင့် သတင်းများ   ပေးပို့နေကြရာ တစ်ဖက်မှ လက်ခံ  သောဌာန သတင်းစာတိုက်၊ ဂျာနယ်တိုက်၏ လက်ခံနိုင်မှု အခြေအနေအရ စောင့်ဆိုင်းနေ  ကြရသည်။
အချိန်နှင့်တစ်ပြေးညီ စာပို့ လုပ်ငန်း ဖက်စ် Fax ၏၀န်ဆောင် မှုလုပ်ငန်းများ ထက်မြတ်သွက် လက်စေရန် သတင်းမီဒီယာများ က လိုလာနေပြီး ဆက်သွယ်ရေး  လုပ်ငန်း ကျေးလက်ဒေသထိ ကွန်ယက်ဖြင့်ကျက်ဖို့လိုပြီ ဒေသခံ  များက ပြောကြားသည်။

မင်းချိုဦး
From-HotNewsJournal

No comments:

Post a Comment