Saturday, September 8, 2012

ဟင်္သာတဗုံးကွဲမှု နောက်ဆက်တွဲ

From -  irrawaddy

ပြီးခဲ့တဲ့ မတ်လ ၆ ရက်နေ့က ဟင်္သာတ ခရိုင် အုပ်ချုပ်ရေးမှူးရုံးမှာ ဗုံးကွဲခဲ့ပြီး ဆက်သွယ်ရေးစခန်း အနီးမှာလည်း မပေါက် ကွဲသေးတဲ့ ဗုံးတွေ့ရှိခဲ့မှုတွေအတွက် တရားခံ ဖြစ်သူလို့ စွပ်စွဲခံထားရတဲ့ ABSDF အဖွဲ့ ဝင် ဖားကန့်မြို့ က သန်းကိုဦး(ခ) မင်းဇော် (ခ) သန်းကိုသူ(ဘ) ဦးစောထက် (ခ) ဦးမုန်းဖိုး ဆိုသူကို ဖမ်းမိပြီး တရားရုံးကို တင် ထားပါတယ်။

တရားခံ အစစ်လို့ ဆိုသူကို မိခဲ့ပေမယ့် မသင်္ကာလို့ ဖမ်းထားတဲ့ ဟင်္သာတ မြို့ခံ ဆက်သွယ်ရေး ၀န် ထမ်း ကျော်စွာလင်းနဲ့ လက်ဘက်ရည် အဖျော်ဆရာ ဘိုဘိုဝင်းထွန်းဆိုသူ ၂ ဦးကို ပြန် မလွှတ်သေးဘူးလို့ သိရပါတယ်။

သူတို့ ၂ ဦးကို ဖမ်းဆီး စစ်ဆေးစဉ်က လက်လွန်ခြေလွန် ရက်ရက် စက်စက် နှိပ်စက် စစ်ဆေးမှုတွေ ရှိခဲ့တဲ့ အတွက် ပြန် လွှတ်ပေး လိုက်ရင် ပြန်လည် တရားစွဲဆိုမှာကို စိုးရိမ်တာကြောင့်လို့ မြို့ခံတွေက ဆိုနေကြ ပါတယ်။

ဒီအတွက် ရဲက တရားခံ အစစ်လို့ ဆိုတဲ့ သန်းကိုဦးကို ဖိအားပေးပြီး သံသယနဲ့ ဖမ်းဆီးထားသူ ၂ ဦးဟာလည်း အမှုမှာ ပါဝင်ပတ်သက်ကြောင်း မဟုတ်မမှန် တရားရုံးမှာ ထွက်ဆိုခိုင်းနေတယ်လို့လည်း ဆိုကြ ပါတယ်။









No comments:

Post a Comment