Monday, September 10, 2012

အမေရိကန် သံတမန်အဖွဲ့ ရခိုင်သို့ရောက်ရှိ၊ အတူယှဉ်တွဲနေထိုင်ရေး သဘောထားကိုမေး

1-1ရခိုင်ပြည်နယ် အရေး၌ ရေရှည်ဖြေရှင်းနိုင်မည့် နည်းလမ်းများတွင် ထိရောက်စွာကူညီနိုင်ရေးအတွက် အဖွဲ့ဝင် (၁၁) ဦးပါ အမေရိကန် သံတမန်အဖွဲ့သည် စက်တင်ဘာ (၈) ရက်နေ့ မနက်ပိုင်းတွင် စစ်တွေမြို့သို့ ရောက်ရှိခဲ့သည်။
အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Mr. Joe Yun ၊ အမေရိကန်သံအမတ်ကြီး Mr. Derek Mitchell၊ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး အကြီးအကဲဌာန ကိုယ်စားလှယ် Hans ten Feld တို့ ပါဝင်သော သံတမန်အဖွဲ့သည် Air Mandalay လေကြောင်းခရီးဖြင့် စစ်တွေသို့ ရောက်ရှိလာခြင်းဖြစ်သည်။

အဆိုပါသံတမန်အဖွဲနှင့်အတူ အဖွဲ့ဝင် (၇) ဦးပါသော လုံခြုံရေးနှင့် နယ်စပ်ရေးရာ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး သိန်းဌေး ဦးဆောင်အဖွဲ့လည်း လိုက်ပါလာခဲ့ပြီး ပြည်ထောင်စုဝန်ကြီးက ရခိုင်ပြည်နယ်အတွင်း ဒေသအလိုက် ရခိုင်တိုင်းရင်းသားများနှင့် ဘင်္ဂလီလူမျိုးများပျံ့နှံ့နေထိုင်မှု အနေအထားကို မြေပုံကားချပ်ဖြင့် ဟိုတယ်ဧည့်ခန်းမ၌ အကျယ်တ၀င့် ရှင်းပြခဲ့ကြောင်း သတင်းရရှိသည်။
ရခိုင်ပြည်နယ် အတွင်းဖြစ်ပျက်ခဲ့သည့် ပကတိအနေအထားများ၊ လူသားချင်းစာနာမှုဆိုင်ရာ ကူညီ ဆောင်ရွက်ပေးနေမှုများ၊ နိုင်ငံတကာမှလာရောက်မှုအခြေအနေ အရပ်ရပ်ကို ဒုဗိုလ်ချုပ်ကြီး သိန်းဌေးက ရှင်းပြပြီး ၊ Mr.Joe Yun က ရခိုင်ဒေသအတွင်း ရေရှည်ဖြေရှင်းရမည့် နည်းလမ်းများအနက် အတူယှဉ်တွဲနေထိုင်ရေးအတွက် ဆွေးနွေးညှိနှိုင်း အဖြေရှာရေးအပေါ် သဘောထားနှင့် အမေရိကန် ပြည်ထောင်စုအနေဖြင့် လူသားချင်းစာနာမှု အကူအညီများကို ဆက်လက်ပေးသွားရန်ရှိကြောင်း အစိုးရအဖွဲ့ရုံးခန်းမ၌ နေ့လည်အချိန် ပြုလုပ်သော တွေ့ဆုံပွဲတွင် ပြောကြားခဲ့ကြောင်း သိရသည်။
ယင်းနေ့ မွန်းလွဲပိုင်းတွင် စစ်တွေမြို့ ရွှေစေတီကျောင်း၊ မင်းဂံ၊ သက္ကေပြင်၊ ဘောဒူဖ စသော ဒုက္ခသည်စခန်းများသို့ သွားရောက်ကာ ဒုက္ခသည်များအပါအ၀င် ပြုစုစောင့်ရှောက်ရေး တာဝန်ရှိသူများနှင့် တွေ့ဆုံမေးမြန်းခဲ့ပြီး စက်တင်ဘာ (၉) ရက်နေ့ မနက်ပိုင်းတွင် မောင်တောမြို့သို့ ရဟတ်ယာဉ်ဖြင့် သွားရောက်ကာ ဒုက္ခသည်စခန်းများတွင် နေထိုင်ကြသော တိုင်းရင်းသားများကိုလည်း တွေ့ဆုံမေးမြန်ကာ ၊ နေ့လည်ပိုင်း၌် စစ်တွေမြို့ သို့ ပြန်လည်ရောက်ရှိခဲ့ကြောင်း သတင်းရရှိသည်။
စက်တက်ဘာ (၉) ရက်နေ့ (၁) နာရီတွင် စစ်တွေဟိုတယ်၌ ဆရာတော် သံဃာတော်ကြီးများနှင့်တကွ ရခိုင်သဟာယ၊ ၀ံလက် ဖောင်ဒေးရှင်း၊ ဒုက္ခသည်များကယ်ဆယ်ရေးကော်မတီ၊ Action Based Community Development (ABCD)၊ ယူတိုပီးယား စသည့် ရခိုင်လူမှုအဖွဲ့အစည်း ငါးဖွဲ့မှ တာဝန်ရှိသူများနှင့် တွေ့ဆုံမေးမြန်းခဲ့သည်။
အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Mr. Joe Yun၏ ခရီးစဉ်တလျှောက် မေးမြန်းချက်များတွင် အဓိကအားဖြင့် ပဋိပက္ခဖြစ်ပွား ရသည့်အခြေခံ အကြောင်းရင်းနှင့် ရေရှည် ငြိမ်းချမ်းစွာ အတူနေထိုင် နိုင်ခြင်း ရှိမရှိကို အလေးထားမေးမြန်းခဲ့ကြောင်း သိရသည်။3
ဆရာတော်ကြီးများ၊ ရခိုင်လူမှုအဖွဲ့အစည်းများနှင့် ဒုက္ခသည်များကမူ ၁၉၄၂ ခုနှစ်မှသည် ယနေ့အထိ ဘင်္ဂလီတို့၏ နယ်မြေလ၊ သတ်ဖြတ်မှုကြောင့် ဒေသခံ ရခိုင်တိုင်းရင်းသားတို့၏ အသက်အိုးအိမ် စည်းစိမ်များစွာ ပျက်စီးဆုံးရှုံးခဲ့ရပြီး၊ နောင်အတူ ဆက်နေလျင်လည်း ယခုထက် ပိုမိုးဆိုးရွားစွာ ဖြစ်ပွားရုံသာမက နိုင်ငံအချုပ်အခြာ နယ်နိမိတ်ပါဆုံးရှုံး၍ ရခိုင်လူမျိုးပါ ပျက်သုန်းပျောက်ကွယ်သွားနိုင်သဖြင့် ကျူးကျော်လာသူ ဘင်္ဂလီများနှင့် လုံးဝ အတူမနေလိုကြကြောင်း ပြတ်သားစွာ ငြင်းဆိုခဲ့ကြသည်။
ရခိုင်ဒေသ ပဋိပက္ခနှင့်ပတ်သက်၍ စစ်တွေနှင့် မောင်တော ဒေသများမှ သက်ဆိုင်ရာ ပုဂ္ဂိုလ်များကို နှစ်ရက်တာ ကာလ တွေ့ဆုံမေးမြန်းပြီးနောက် အမေရိကန် လက်ထောက်နိုင်ငံခြားရေး ၀န်ကြီးနှင့်အဖွဲ့သည် စက်တင်ဘာ (၉) ရက်နေ့ ညနေတွင် လေကြောင်းခရီးဖြင့် ရန်ကုန်မြို့သို့ ပြန်လည်ထွက်ခွာ သွားခဲ့ကြောင်း သတင်းရရှိသည်။
24








From -အာရကန်တိုင်း

No comments:

Post a Comment