Wednesday, September 5, 2012

ပုဂ္ဂလိကအာမခံလုပ်ငန်း လုပ်ကိုင်ရန် ကုမ္ပဏီ ၁၂ ခုကို ပဏမရွေးချယ်

From- 7Day News Journal
ပုဂ္ဂလိကအာမခံလုပ်ငန်း လုပ်ကိုင်ရန်အတွက် ကုမ္ပဏီ ၁၂ ခုအား ပဏာမအဆင့် ရွေးချယ် လိုက်ကြောင်း မြန်မာ့အာမခံလုပ်ငန်းမှ ဦးဆောင်ညွှန်ကြားရေးမှူး ဦးအေးမင်းသိန်းက ပြောသည်။
ရွေးချယ်ထားသည့် ကုမ္ပဏီ ၁၂ ခုတွင် ပြည်တွင်း၌ ဘဏ်လုပ်ငန်း လုပ်ကိုင်နေသည့် ကုမ္ပဏီ ၅ ခုနှင့် အင်အားကြီး ကုမ္ပဏီကြီးများလည်း ပါဝင်လာသည်။ ထို့အပြင် လက်ရှိ လုပ်ကိုင်နေသော ကုမ္ပဏီအမည်များကို ပြောင်းလဲ၍ လာရောက်လျှောက်ထားသည့် ကုမ္ပဏီအများစုလည်း ပါဝင်လာကြောင်း ဦးအေးမင်းသိန်းက ပြောသည်။

အေးရှားဝေါလ် ကုမ္ပဏီလီမိတက်မှ အမည်ပြောင်း Green Asia အာမခံကုမ္ပဏီ၊ မြန်မာ့ စီးပွားရေးဦးပိုင်လီမိတက်မှ အမည်ပြောင်း မြင့်မိုရ်မင်းအာမခံကုမ္ပဏီ၊ ဧရာဝတီဘဏ်မှ အမည်ပြောင်း ဧရာမြန်မာအာမခံလုပ်ငန်း၊ နိုင်ငံသားစီးပွားရေး အာမခံအများပိုင်လီမိတက် (CB ဘဏ်၊ သမ၀ါယမဘဏ်)၊ ရွှေတောင်ဖွံ့ဖြိုးမှုကုမ္ပဏီလီမိတက်မှ အမည်ပြောင်း Glabal Standard အာမခံအများပိုင်ကုမ္ပဏီလီမိတက်၊ ကျောက်စိမ်းဘုရင်နှင့် ဘုရင်မ၀န်ဆောင်မှု ကုမ္ပဏီလီမိ တက်၊ မြ၀တီအာမခံကုမ္ပဏီလီမိတက် (မြ၀တီဘဏ်လုပ်ငန်းခွဲ)၊ I.K.B.Z အာမခံ အများပိုင် ကုမ္ပဏီလီမိ တက် (ကမ္ဘောဇဘဏ်လုပ်ငန်းခွဲ)၊ Pilar of Truth အာမခံကုမ္ပဏီလီမိတက်၊ Grate Future International အာမခံ ကုမ္ပဏီလီမိတက်၊ Capital Life အာမခံ ကုမ္ပဏီလီမိတက်၊ Apex အာမခံကုမ္ပဏီလီမိတက် (ထူးကုမ္ပဏီအုပ်စု၏ လုပ်ငန်းခွဲ) တို့အား ပဏာမ ရွေးချယ်ထားကြောင်း မြန်မာ့အာမခံလုပ်ငန်း၏ ထုတ်ပြန်ချက်များအရ သိရသည်။

No comments:

Post a Comment