Saturday, September 8, 2012

ဗန်းမော်မြို့နယ်တွင် ပညာသင်ကြားရာမှာ ဆရာ/ဆရာမများ ငှားရမ်းမှုအခက်အခဲဖြစ်

From- KDN


စစ်ကိုင်းတိုင်းဒေသကြီး၊က သာခရိုင်၊ ဗန်းမောက်မြို့နယ်ရှိ မံအင်-မင်းကုန်းအုပ်စုရှိ အရှေ့ ကုန်းကျေးရွာမှ (ခွဲ) အလယ်တန်း ကျောင်း သည် ကျောင်းသားဦးရေ များပြားလာသည့် အတွက် လက် ရှိတွင် အငှားဆရာ၊ ဆရာမ လုပ် ကိုင်ချင်ကြသူများ မရှိသည့်အ တွက် အခက်အခဲဖြစ်နေရကြောင်း ယင်းဒေသခံများထံကသိရသည်။အဆိုပါ အရှေ့ကုန်းကျေး ရွာသည် ပညာရေးဖွံ့ဖြိုးတိုးတက် မှုနည်းပါးသော ဒေသတစ်ခုဖြစ် ပြီး ၂၀၀၁-၂၀၀၂ ပညာသင်နှစ် မှစ၍ မူလတန်းလွန်ကျောင်းဖွင့်   လှစ်ခွင့်ရရှိကာ ၂၀၀၈-၂၀၀၉ ခု နှစ် ပညာသင်နှစ်တွင် အခြေခံ ပညာအလယ်တန်းကျောင်း(ခွဲ)ကို ဖွင့်လှစ်သင်ကြားခွင့်ရရှိခဲ့ကြောင်း၊ ယခုနှစ် ၂၀၁၂-၂၀၁၃ ပညာသင် နှစ်တွင် မူလတန်းအဆင့်နှင့် အ လယ်တန်းအဆင့်တွင် ကျောင်း သားဦးရေ (၅၁၀)ကျော်ရှိလာ သည့်အတွက် သင်ကြားရေးဝန် ထမ်းဆရာ၊ ဆရာမ(၇)ဦးနှင့်သင် ကြားနေရသည်။ထိုဆရာ၊ ဆရာမ များ အင်အားနှင့် မလုံလောက် သဖြင့် အငှားဆရာ၊ ဆရာမ(၂) ဦးအား ဆရာမ(၁)ဦးလျှင် ကျပ် (၇)သောင်းနှုန်းဖြင့် ငှားရမ်းသင် ကြားနေရပါသည်။ ထိုသို့ ဆရာ၊ ဆရာမများ ငှားရမ်းရာတွင် နှစ် စဉ်အခက်အခဲများ ကြုံတွေ့နေရ သဖြင့် အခြေခံပညာအလယ်တန်း ကျောင်းရရှိရေး တိုးမြှင့်ဆောင် ရွက်ပေးနိုင်ရန် လျှောက်ထား ကြောင်း ကျောင်းအကျိုးတော် ဆောင်အဖွဲ့ ဦးထွန်းဖေက ရှင်း လင်းပြောကြားသည်။
““ကျွန်တော်တို့ငယ်စဉ်တုန်းက ဆိုရင် အခုလို စာသင်ကျောင်း လည်း မရှိတော့ ရွာမှာရှိတဲ့ ဘုန်း ကြီးကျောင်းမှာ ပညာသင်ကြားခဲ့ ရတဲ့အတွက် ကျွန်တော်တို့လို ပညာသင်ကြားချင်ပေမယ့်စာ သင်ကျောင်းမရှိလို့ မသင်ကြားရ တဲ့ အဖြစ်မျိုးတွေ မကြုံရလေ အောင် ကျွန်တော်တို့ ကျေးရွာ မှာရှိတဲ့ဒေသခံများနှင့် ကျေးရွာ အုပ်ချုပ်ရေးမှူးအဆက်ဆက်၊ ကျောင်းအကျိုးတော်ဆောင်အ ဆက်ဆက် ယခုလို(ခွဲ)အလယ် တန်းကျောင်းရရှိအောင် ကြိုးပမ်း ဆောင်ရွက်ခဲ့ရပါတယ်။ နှစ်စဉ် အခက် အခဲဖြစ်နေ တာကတော့ ဆရာ၊ ဆရာမငှားရမ်းရတဲ့ဒုက္ခ စိတ်ပင်ပန်း၊ လူပင်ပန်းဖြစ်ခဲ့ကြရ ပါတယ်။ ဒါက လည်း ပြောရမယ် ဆိုရင် ကျွန်တော်တို့ဒေသတွေက ရွှေလုပ်ငန်းကို အဓိကအားထား လုပ်ကိုင်နေကြတော့ အဲဒီရွှေလုပ် ငန်းတွေမှာ စားစရိတ်ငြိမ်း တစ် လကို ကျပ်(၁)သိန်းနီးပါးခန့် ရရှိ နေတဲ့အတွက် အခုလို သင်ကြား ရေးအလုပ်ကို စိတ်မ၀င်စားကြ ဘူးပေါ့။ အခုငှားရမ်းတဲ့ ဆရာ၊ ဆရာမတွေ ရရှိဖို့ အတော်လေး ကို ကြိုးစားပမ်းစားရှာဖွေငှားရမ်း နေကြရပါတယ်””ဟု ဒေသခံ ဦး ပြည်သိန်းက သုံးသပ်ပြောကြား သည်။
အဆိုပါ အရှေ့ကုန်းကျေးရွာ နှင့် ၎င်း၏ပတ်ဝန်းကျင် ကျေးရွာ ရှိ နေထိုင်သူများအနေဖြင့် ရှမ်း တိုင်းရင်းသားများ စုဝေးနေထိုင် ရာ ဒေသဖြစ်သလို ဒေသခံ ကျောင်းသားမိဘများမှာလည်း လယ်ယာလုပ် ငန်းခွင်နှင့် ရွှေလုပ် ငန်းကို ရိုးသားစွာ လုပ်ကိုင်ကြပြီး ဒေသခံပြည်သူများနှင့် ကျောင်း သူ၊ ကျောင်းသား များမှာလည်း ပညာရေးကို စိတ်ပါဝင်စားမှုရှိ လာသည့်အတွက် ၁၉၉၆မှ ၂၀၁၂ ခုနှစ်အထိ ယင်းကျေးရွာမှ တက္က သိုလ်ဝင်တန်းအောင်မြင်၍ တက္က သိုလ်ကောလိပ်အသီးသီးတို့တွင် ဘာသာရပ်ဆိုင်ရာ ဘွဲ့များရရှိပြီး ယနေ့အချိန်အထိ ဆက်လက် ပညာသင်ကြားနေသူ စုစုပေါင်း (၇၇)ယောက်ရှိကြောင်း ကျေးရွာ ရှိ ပညာရေးမှတ်တမ်းများမှ သိရှိ ရသည်။

No comments:

Post a Comment