Saturday, September 8, 2012

မြန်မာမှတင်သွင်းလာသော စိတ်ကြွဆေးပြား တာကာ သိန်း ၄၀ ကျော်ဖိုး နတ်မြစ်အတွင်း ဖမ်းဆီး

From- KDN

မြန်မာနိုင်ငံ အနောက်ဘက်ဒေသရခိုင်ပြည်နယ် မောင်တောမှ သယ်ယူလာသော တာကာ သိန်း၄၀ကျော်ဖိုးရှိစိတ်ကြွဆေးပြားများကို ဘင်္ဂလားဒေ့ခ်ျနယ် စပ်အနီး နစ်မြစ်အတွင်း ဘင်္ဂလာ အာဏာပိုင်များ ကဖမ်းဆီး ရမိသည်ဟု ဒေသတင်းအရ သိရ သည်။
မောင်တောမှ လှေတစီးဖြင့် သယ်ယူလာသော လူတဦးနှင့်အတူ အဆိုပါစိတ်ကြွဆေး ပြားမျာ ကိုဘီဂျီဘီ တပ်ဖွဲ့မှ ဆားပြင်ရွာ နှင့်မိုလဗီရွာအကြား အမှတ်(၄)နယ်မြေ၊ နစ်မြစ်အတွင်းစက်တင်ဘာ ၇ ရက်နေ့က ဖမ်းဆီးမိခြင်း ဖြစ်သည်။

တက်ကနက် မြို့နယ်အတွင်းရှိဆားပြင်နှင့်မိုလဗီရွာသည် မောင်တောနှင့်နစ်မြစ်တဘက်တကမ်းတွင်ကပ်ရပ်တည်ရှိနေသော ဒေသများဖြစ်၍ မကြာခဏ မှောင်ခိုပစ္စည်းများ တရားမ၀င်အပြန်အလှန် တင်ပို့နေကျနေရာ များဖြစ်သည်။

စိတ်ကြွဆေးပြားအလုံး ၁၃၃၂၀နှင့်အတူ ဖမ်းဆီးခံရသည့် မူးယစ်ဆေးဝါး ဖေါက်ကားသူအားသက်ဆိုင်ရာမှ ဖမ်းဆီး ထိန်းသိမ်းထားသည် ဟုသိရသည်။နှစ်နိုင်ငံအကြား မူးယစ်ဆေးဝါး နှိမ်နင်းရေး ကိစ္စရပ်များကို မကြာခဏဆွေးနွေးခဲ့ ကြပြီး နှိမ်နှင်း နေကြသော်လည်း မြန်မာ့မူး ယစ်ဆေးဝါးများမှာ ဘင်္ဂလားဒေ့ခ်ျ နိုင်ငံ သို့ နေ့စဉ်ရက်ဆင့် အတားအဆီးမရှိ ခိုးဝင်နေသည်ဟု သိရသည်။

No comments:

Post a Comment