Wednesday, September 5, 2012

မြန်မာနိုင်ငံ၏ ကုန်သွယ်မှုပမာဏ သြဂုတ်လကုန်အထိ အမေရိကန်ဒေါ်လာ ၆ ဒသမ ၆ ဘီလျံကျော်ရှိ ငါးလအတွင်း သဘာဝဓာတ်ငွေ့တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၁ ဒသမ ၂ ဘီလျံကျော် ရရှိကြောင်း ထုတ်ပြန်


လက်ရှိဘဏ္ဍာရေးနှစ်၏ ကုန်သွယ်မှုပမာဏမှာ သြဂုတ်လကုန်ပိုင်းအထိ အမေရိကန်ဒေါ်လာ ၆ ဒသမ ၆ဘီလျံကျော် ရရှိထားကြောင်း ထုတ်ပြန်ချက်များအရ သိရှိရသည်။
၂၀၁၂ ခုနှစ် ဧပြီလမှ သြဂုတ်လအထိ ငါးလအတွင်း ပြည်ပတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၃၂၃၀ ဒသမ ၇၁၆ သန်း (၃ ဒသမ ၂၃ ဘီလျံကျော်)ရရှိပြီး ပြည်ပမှတင်သွင်းမှုမှာ အမေရိကန်ဒေါ်လာ ၃၃၈၃ ဒသမ ၃၂၅ သန်း (၃ ဒသမ ၃၈ ဘီလျံကျော်)တန်ဖိုးရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ စာရင်းများအရ သိရသည်။

နယ်စပ်ကုန်သွယ်မှုပမာဏမှာ အမေရိကန်ဒေါ်လာ ၁၃၄၀ ဒသမ ၀၉၃ သန်း (၁ ဒသမ ၃ ဘီလျံကျော်) ရှိပြီး နယ်စပ်မှ တင်ပို့မှုပမာဏမှာ အမေရိကန်ဒေါ်လာသန်း ၈၄၀ ကျော်ရှိကာ နယ်စပ်မှ ပြန်လည်တင်သွင်းမှုမှာ အမေရိကန်ဒေါ်လာသန်း ၄၄၉ ကျော်ရှိကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။

မြန်မာနိုင်ငံမှ ပြည်ပသို့တင်ပို့သည့် ကုန်စည်များထဲတွင် သဘာဝဓာတ်ငွေ့တင်ပို့မှုမှ ရငွေမှာအများ ဆုံး ဖြစ်ပြီးဧပြီလမှ သြဂုတ်လအတွင်း သဘာဝဓာတ်ငွေ့တင်ပို့မှုမှာ အမေရိကန်ဒေါ်လာ ၁ ဒသမ ၂ ဘီလျံကျော် ရရှိထားကြောင်း သိရှိရသည်။

No comments:

Post a Comment