Thursday, September 6, 2012

စွပ်စွဲပြစ်တင်ရန် လွှတ်တော်နှစ်ရပ်ပေါင်း ထောက်ခံ

From-  irrawaddy

အမျိုးသားလွှတ်တော်၏ ဖွဲ့စည်းပုံ အခြေခံဥပဒေခုံရုံးအား 
စွပ်စွဲပြစ်တင်မှုအဆိုကို ယနေ့ ပြည်သူ့လွှတ်တော် 
အမတ်ပေါင်း ၃၀၇ ဦးက ထောက်ခံခဲ့သည်
ဖွဲ့စည်းပုံအခြေခံ ဥပဒေခုံရုံးအား အမျိုးသား လွှတ်တော်၏ စွပ်စွဲပြစ်တင်မှုအဆိုကို ပြည်သူ့လွှတ်တော်က ယနေ့ ထောက်ခံ လိုက်ပြီး စွပ်စွဲပြစ်တင်မှု ပြုလုပ်ရန် သမ္မတထံ တင်ပြသွား မည် ဖြစ်ကြောင်းသိရသည်။
လွှတ်တော်မှ ဖွဲ့စည်းသည့် ကော်မရှင်၊ ကော်မတီများကို ”ပြည်ထောင်စုအဆင့်အဖွဲ့” များအဖြစ် မသတ်မှတ်ေ ကြာင်း နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေခုံးရုံး ဆုံးဖြတ်ချက်အပေါ် ကန့်ကွက်မှုကို ပြီးခဲ့သည့်လက ပြည်သူ့လွှတ်တော်မှ စတင်ခဲ့သည်။

ယခုနှစ် မတ်လကတည်းက ဆုံးဖြတ်ခဲ့သော ထို ပြည်ထောင်စုအဆင့်အဖွဲ့ မဟုတ်ဟူသော ဆုံးဖြတ်ချက်သည်လွှတ်တော်ကော်မတီအသစ်တခု ဖြစ်သည့် ကော့မှူးမြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီ ဖွဲ့စည်းပြီး နောက်ပိုင်း အငြင်းပွားမှု အရှိန်မြင့်လာခဲ့သည်။
ယနေ့ ပြည်သူ့လွှတ်တော်တွင် ခုံရုံးစုံစမ်းစစ်ဆေးရေးအဖွဲ့၏ အစီရင်ခံစာကို လွှတ်တော်သို့တင်ပြပြီးနောက် အခြေခံဥပဒေဆိုင်ရာခုံရုံးကို စွပ်စွဲပြစ်တင်မှု ဆုံးဖြတ်ချက် အတည်ပြုလိုက်ကြောင်း ပြည်သူ့လွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာ ဆန်းစစ်ရေး ကော်မရှင်အဖွဲ့ ၀င် ကျောက်ဖြူမြို့ နယ် ပြည်သူ့ လွှတ်တော် အမတ် ဦးဘရှိန်က ဧရာဝတီသို့ ပြောသည်။
”ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၃၄ (က) ၂ နဲ့ (က) ၅ အရ ဒီပြစ်မှုတွေကို ဖောက်ဖျက်တဲ့အတွက်ကြောင့် ခုံရုံးဥက္ကဌနဲ့အဖွဲ့ဝင်တွေကို စွပ်စွဲပြစ်တင်လိုက်တယ်” ဟု ဦးဘရှိန်က ဆိုသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေအရ ခုံရုံးဥက္ကဌနှင့်အဖွဲ့ဝင်များအား ဖွဲ့စည်းပုံပါ ပြဌာန်းချက်တရပ်ရပ် ကို ဖောက်ဖျက် ကျူးလွန်ခြင်း နှင့် ဥပဒေအရ ပေးအပ်ထားသော တာဝန်များကို ကျေပွန်စွာ မဆောင်ရွက်ခြင်း များ ရှိပါက စွပ်စွဲပြစ်တင်နိုင်သည်။
သြဂုတ်လဒုတိယပတ်က ခုံရုံးဆုံးဖြတ်ချက်ကို ရုပ်သိမ်းပေးရန်နှင့် ခုံရုံးဥက္ကဌနှင့်အဖွဲ့ဝင်များ မိမိဆန္ဒ အလျောက် နုတ်ထွက်ပေးရန် တောင်းဆိုသည့် အတွက် ပြည်သူ့လွှတ်တော်ဥက္ကဌ သူရ ဦးရွှေမန်း က နိုင်ငံတော်သမ္မတထံ သ၀ဏ်လွှာပေးပို့ခဲ့သလို သမ္မတဦးသိန်းစိန်ကလည်း ခုံရုံးဆုံးဖြတ်ချက် ကို ပြင်မရပါကြောင်းနှင့် စွပ်စွဲပြင်တင်မှုထက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်လိုပါက ပြင်ဆင်နိုင်ကြောင်း အကြောင်းပြန်ခဲ့သည်။
ယင်းနောက်တွင် လွှတ်တော်ကိုယ်စားလှယ်များက စွပ်စွဲပြစ်တင်မှုနည်းလမ်းကို ရွေးချယ်ကာ အမျိုးသားလွှတ်တော် က စွပ်စွဲပြစ်တင်မှုအဆို စတင်ခဲ့သဖြင့် ခုံရုံးစွပ်စွဲပြစ်တင်မှုအား စုံစမ်းရန် ကိုယ်စား လှယ် ၁၅ ဦးပါ စုံစမ်းစစ်ဆေးရေးအဖွဲ့ ကို ပြည်သူ့လွှတ်တော်က သြဂုတ်လမကုန်ခင်က ဖွဲ့စည်းခဲ့သည်။
သို့သော် စုံစမ်းစစ်ဆေးရေးအဖွဲ့ ဥက္ကဌ ကိုယ်တိုင် ခုံရုံးဆုံးဖြတ်ချက်အား ကန့်ကွက်သည့် လက်မှတ်ထိုးသူများ စာရင်းတွင် ပါဝင်သည့်အတွက် မျှတမှုမရှိဟု ဆိုကာ ခုံရုံးအဖွဲ့က ပယ်ချခဲ့သည်။ ယင်းစုံစမ်းရေးအဖွဲ့ထံသို့ ခုံရုံးအဖွဲ့ဝင်များလာရောက်ကြားနာမှု မရှိကြောင်းလည်း သိရသည်။
ယခုစွပ်စွဲပြစ်တင်မှုအရ နိုင်ငံတော်သမ္မတက ခုံရုံးဥက္ကဌနှင့် အဖွဲ့ဝင်များအား နှုတ်ထွက်ခိုင်းရမှာဖြစ်ပြီး ယင်းအရေးယူမှုသည် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဆောင်ရွက်တာဖြစ်ကြောင်း လွှတ်တော်ကိုယ်စားလှယ် များက ပြောသည်။
စွပ်စွဲပြစ်တင်မှုအတွက် လွှတ်တော်အမတ်စုစုပေါင်း၏ ၃ ပုံ ၂ ပုံ ထောက်ခံမှုလိုအပ်ပြီး ထိုအချိုးအရ အမတ်စုစုပေါင်းမှာ ၂၈၆ ဦး၏ ထောက်ခံမဲသာ လိုအပ်သော်လည်း ယနေ့တွင် ထိုအဆိုကို ပြည်သူ့ လွှတ်တော်အမတ်ပေါင်း ၃၀၇ ဦးက ထောက်ခံခဲ့ကြောင်း သိရသည်။

No comments:

Post a Comment