Thursday, September 13, 2012

ရေချို ပုစွန်များတွင် ဆပ်ပြာရည် ပါသည် ဆိုပြီး တရုတ်မှ လက်မခံ

ရန်ကုန် စက်တင်ဘာ ၁၃ မြန်မာနိင်ငံမှ တရုတ်နိုင်ငံသို့ နယ်စပ် ကုန်သွယ်ရေး လမ်းကြောင်းမှ တဆင့် တင်ပို့နေသည့် ရေချို ပုစွန်များတွင် ဆပ်ပြာရည်များ ပါရှိ ဆိုသော အကြောင်းပြချက်နှင့် တရုတ်နိုင်ငံမှ လက်မခံဘဲ ပြန်လည် ပေးပို့လာသည်ဟု ရေချိုပုစွန် မွေးမြူရေး လုပ်ငန်းရှင်များက ပြောကြားသည်။


ယခုကိစ္စသည် ပြည်တွင်း စီးပွားရေးသမား အချင်းချင်း ညစ်ခြင်းလ
ည်း ဖြစ်နိုင်ကြောင်း၊ ထို့ပြင် တရုတ် လုပ်ငန်းရှင်များက ပြည်တွင်း လုပ်ငန်းရှင်များ အပေါ် စီးပွားရေး အမြတ်ထုတ်မှုလည်း ဖြစ်နိုင်ကြောင်း၊ တရုတ် စီးပွားရေး မကောင်းစဉ်က မည်ကဲ့သို့ ပို့ပို့ ရခဲ့သော်လည်း ယခုအခါ တရုတ်နှင့် ကုန်သွယ်ရာတွင် အခက်အခဲများ ရှိလာကြောင်း မြန်မာနိုင်ငံ ရေချို ပုစွန် လုပ်ငန်းရှင်များ အသင်း ဒုဥက္ကဌ ဦးနှင်းဦးက မှတ်ချက်ပြု ပြောဆိုသည်။

"သတင်းတွေကတော့ ကြားနေရတာပဲ ။ဟုတ် မဟုတ်တော့သေချာမသိဘူး။မွေးတာက ပုံမှန်အတိုင်း မွေးတာပဲ။ ဆပ်ပြာရည် သုံးရတဲ့ နေရာ မရှိသလို သုံးရင်လည်း ကုန်ကျစရိတ်တောင် ပိုကုန်သေးတယ် "ဟု ရေချိုပုစွန် မွေးမြူရေး လုပ်ငန်းရှင် တစ်ဦးက သုံးသပ် ပြောဆိုသည်။

"ပုစွန်က အသန့် အရမ်းကြိုက်တာ။ ပြီးတော့ နုလည်းနုတယ်။ဆပ်ပြာမှုန့်သုံးရင် သေကုန်မှာပေါ့"ဟု ညောင်တုန်း မြို့နယ်မှ ရေချိုပုစွန် မွေးမြူရေး လုပ်ငန်းရှင် တစ်ဦးက ပြောကြားသည်။

အစိုးရသစ်၏ မူဝါဒများ အရ မြန်မာနိုင်ငံသည် အမေရိကန် အပါအဝင် နိုင်ငံတကာနှင့် ဆက်ဆံရေး အားကောင်း လာချိန်တွင် နှစ်ပေါင်း ရှည်ကြာစွာ မိတ်ဆွေ ဖြစ်ခဲ့သော တရုတ်နိုင်ငံနှင့် ကုန်သွယ်ရာတွင် တရုတ်နိုင်ငံ ဘက်က အဟန့်အတား၊ အကန့်အသတ် များစွာ ပြုလုပ် လာခဲ့ကြောင်း ပြည်တွင်း လုပ်ငန်းရှင်များက သုံးသပ် ပြောကြား သည်။
From -TheVoiceWeekly

No comments:

Post a Comment