Monday, September 24, 2012

ဒေါ်အောင်ဆန်းစုကြည် နိုဝင်ဘာလတွင် အိန္ဒိယနိုင်ငံသို့ သွားရောက်မည်

နယူးဒေလီ၊ စက်တင်ဘာ - ၂၄
အမေရိကန်ပြည်ထောင်စုတွင်ယခုရောက်ရှိနေ သည့် ဒေါ်အောင်ဆန်းစုကြည် သည် နေရူးအမှတ်တရပွဲ၌ ဟောပြောပို့ချချက် ချီးမြှင့်ပေးရန် အိန္ဒိယနိုင်ငံ၏ဖိတ်ကြားမှုကို လက်ခံလိုက်ကြောင်း သတင်းရှိသည်။

ရက်စွဲအတိအကျကို မကြေညာရသေးသော်လည်း နေရူးအမှတ်တရအခမ်းအနားအား နိုဝင်ဘာလ တတိယပတ်တွင် ကျင်းပသွားဖွယ်ရှိသည်။ ထိုအခမ်းအနားသို့ ဒေါ်အောင်ဆန်း
စု ကြည်တက်ရောက်ခဲ့ပါက ယင်းမှာ နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်ပြီး နောက်ပိုင်းအိန္ဒိယနိုင်ငံသို့ ပထမဦးဆုံး ခရီးစဉ်ဖြစ်လာမည် ဖြစ်သည်။


ယခုနှစ်စောစောပိုင်း အိန္ဒိယ၀န်ကြီးချုပ်မန်မိုဟန်ဆင်းက ရန်ကုန်မြို့၌ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံစဉ် နေရူးအခမ်းအနားတွင် ဟောပြောပို့ချချက်ချီးမြှင့်ပေးရန် ကိုယ်တိုင်ကိုယ်ကျ ဖိတ် ကြားခဲ့ခြင်းဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံတကာ နားလည်မှုအတွက် နေရူးဆုအား ၁၉၉၂ ခုနှစ်တွင် လက်ခံရရှိခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ် ကျခံနေရစဉ်နှစ်များအတွင်း အိန္ဒိယအစိုးရသည် မြန်မာစစ်အစိုးရနှင့် ဆက်ဆံရေးကောင်းတစ်ရပ် တည်ဆောက်ခဲ့သည်။


မစ္စတာမန်မိုဟန်ဆင်း၏ ရန်ကုန်ခရီးစဉ်တွင်လည်း အစိုးရက ဒေါ်အောင်ဆန်းစုကြည်အား အတိုက်အခံခေါင်းဆောင်အဖြစ်သာ ဆက်ဆံခဲ့ပြီး မစ္စတာမန်မိုဟန်ဆင်းသည် အခြားကမ္ဘာ့ခေါင်းဆောင်များကဲ့သို့ ဒေါ်အောင်ဆန်းစုကြည် နေအိမ်သို့ သွားရောက်လည်ပတ်ခြင်းအစား ဒေါ်အောင်ဆန်းစုကြည်က မစ္စတာမန်မိုဟန်ဆင်း ဆီသို့ သွားရောက်တွေ့ဆုံခဲ့ရသည်။ ယခုရက်သတ္တပတ် စနေ၊တနင်္ဂနွေရက်များကပင်မဟတ္တမဂန္ဓီနှင့် နေရူးတို့မှာ သူမအပေါ် လွှမ်းမိုးမှုအရှိဆုံး ပုဂ္ဂိုလ်များဖြစ်သည်ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားထားသည်။


Ref: The Times of India
From -7DayNewsJournal

No comments:

Post a Comment