Wednesday, September 26, 2012

"ဂျိမ်းစ်ဘွန်း မင်းသားကြီး ရော်ဂျာမိုး မြန်မာနိုင်ငံသို့ လာရန် ရည်ရွယ်ထား"

တတိယမြောက် ဂျိမ်းစ်ဘွန်း မင်းသား အဖြစ် သရုပ်ဆောင် ခဲ့သူ မင်း သားကြီး ဆာရော်ဂျာမိုး က ၄င်း ၏ အားလပ်ရက် အပန်းဖြေ ခရီးစဉ် အဖြစ် မြန်မာနိုင်ငံ ကို ရွေးချယ် ထားပြီး မြန
်မာ့ ဒီမို ကရေ စီခေါင်းေ ဆာင် ဒေါ်အောင်ဆန်း စုကြည်နှင့် တွေ့ဆုံသွားမည် ဟု တယ်လီ ဂရပ် သတင်း စာ ၏ ခရီးသွား ကဏ္ဍ မေး မြန်းခန်း တွင် ဖြေကြား ထားသည်။
ယခုအခါ အသက် ၈၄ နှစ် အရွယ်ရှိပြီဖြစ်သော ဂျိမ်းစ်ဘွန်း မင်းသား ကြီး ဆာရော်ဂျာမိုး က ဒေါ်အောင်ဆန်း စုကြည်၏ ဥရောပ ခရီးစဉ် အ တွင်း အိုင်ယာလန်နိုင်ငံ ဒဗ္ဗလင်မြို့၌ ဒေါ်အောင်ဆန်းစု ကြည်နှင့် တွေ့ဆုံ ခွင့်ရခဲ့ပြီး ၄င်းအ နေဖြင့် ဒေါ်အောင်ဆန်း စုကြည်နှင့် နောက် တစ်ေ ခါက်ေ တွ့ ဆုံ ခွင့် ရရန် အားလပ်ရက် အပန်းဖြေ ခရီးစဉ် အ ဖြစ် မြန် မာနိုင်ငံ အား ရွေးချယ်ထား ကြောင်း တယ်လီ ဂရပ် သတင်းစာ ၏ ခရီး သွား အမေး အဖြေ ကဏ္ဍတွင် ထည့်သွင်းဖြေကြား ထားသည်။
''ပြီးခဲ့တဲ့ ဇွန်လတုန်း က အိုင်ယာလန်နိုင်ငံ ဒဗ္ဗလင်မြို့ မှာ ဒေါ်အော င် ဆန်း စုကြည် နဲ့ တွေ့ဆုံ ခွင့်ရခဲ့တာ ဟာ စိတ်ကျေနပ် စရာ ပါပဲ။ ဒါကြောင့် အဲ့ဒီ (မြန်မာနိုင်ငံ) ကို သွားဖို့နဲ့ အဲဒီနိုင်ငံ အကြောင်းကို စူးစမ်းဖို့ ရည်ရွယ် ထားပါတယ်'' ဟု ဆာရော်ဂျာမိုး က ပြောသည်။ မင်းသား ကြီး ရော် ဂျာမိုး သည် အသက် ၄၅ နှစ်မှ ၅၈ နှစ်အထိတိုင် စာရေး ဆရာ အီယန် ဖလဲမင်း ၏ ဝတ္ထုကို အသက် သွင်းသော ဂျိမ်းစ် ဘွန်းဇာတ်ကား များတွင် သရုပ် ဆောင်ခဲ့သည်။Live and Let Die၊ The Man With Golden Gun၊ Spy Who Loved Me၊ For Your Eyes Only၊ Octopussy ၊ နှင့် A View to A Kill စသော ဇာတ်ကား များတွင် သရုပ်ေ ဆာင် ခဲ့ပြီး ကမ္ဘာ့ ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေနှင့် အခြား လူသား အကျိုးပြု ပရဟိတ လုပ်ငန်း များတွင်လည်း အားတက် သရော ပါဝင် လုပ်ဆောင် ခဲ့သူ ဖြစ် သည်။ 
From -ဧရာဝတီ

No comments:

Post a Comment