Wednesday, September 26, 2012

ဖားကန့်တွင် KIA ၏ လက်နက်ကြီးဒဏ်ကြောင့် ရွာသား(၃)ဦး ဒဏ်ရာရ

 စက်တင်ဘာလ(၂၄)ရက်နေ့ နေ့လည်ပိုင်းတွင် ဖားကန့်မြို့နယ် ဆိုင်းအောင်ရွာထဲသို့ဝင်လာသော အစိုးရစစ်ကြောင်းကို KIA မှ လက်နက်ကြီးများနှင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ ထိုလက်နက်ကြီးများသည် ဆိုင်းအောင်ရွာတွင်းသို့ ကျရောက် ပေါက်ကွဲကာ ရွာသား(၃)ဦး အပြင်အထန်ဒဏ်ရာရရှိခဲ့ပြီး ဖားကန့်ဆေးရုံသို့ ပို့ဆောင်ခဲ့ရတယ်လို့ သိရပါတယ်။
ဆိုင်းအောင်ရွာမှ ကချင်အဖွားအိုတစ်ဦးမှ KDN သို့ ပြောပြချက်မှာ `` မနေ့ နေ့လည်က KIA တွေက ဗမာစစ်တပ်ကို









လက်ကြီးတွေနဲ့ ပစ်ခဲ့တယ်။  ဗမာစစ်တပ်က ရွာထဲဝင်လာနေတာဆိုတော့ လက်နက်ကြီးတွေက ရွာထဲကို ကျတာပေါ့၊ ကျတော့ သုံးယောက် ဒဏ်ရာရတယ်၊မောင်ထွေးမြင့်က ခြေထောက်ကျိုးသွားတယ် ၊ အောင်သူကခါးကိုမှန်တယ်၊  နောက်တစ်ယောက် စိုင်းမျိုးဇော်က နောက်ကျောကို မှန်တယ်၊ KIA ကတော့ တော်တော်လွန်နေပါပြီဟယ်´´ ဟု  ပြောကြားခဲ့ပါတယ်။
KIA ၏ လက်နက်ကြီးဒဏ်ကြောင့် အိမ်တစ်လုံး ပြိုကျခဲ့ပြီး ကလေးများ၊ မိန်းမများ ကြောက်လန့်ထွက်ပြေးခဲ့ရပါတယ်။ ဒဏ်ရာရသူ(၃)ဦးအား ၂၄-၉-၂၀၁၂ ရက်နေ့တွင် ရွာသားများ၏ အကူအညီဖြင့် ဖားကန့်ဆေးရုံသို့ ပို့ဆောင်ဆေးကုသမှု ခံယူထားဆဲဖြစ်ပြီး အသက်သေဆုံးမှုတော့ မရှိခဲ့ကြောင်း သိရပါတယ်။
From -ကချင်နေ့စဉ်သတင်း

No comments:

Post a Comment