Saturday, September 22, 2012

ဒေါ်အောင်ဆန်းစုကြည်သည် နယ်လ်ဆင်မင်ဒဲလားဖြစ်၍ သမ္မတဦးသိန်းစိန်သည် ဒီကလက်ခ် ဖြစ်ကြောင်း ၀န်ကြီးဦးအောင်မင်းဆို


အမျိုးသားဒီမိုကရေစီအဖွဲ.ချုပ်ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည် နှင်. မြန်မာသမ္မတဦးသိန်းစိန် သည် တောင်အာဖရိကနိုင်ငံ က ထင်ရှားသော ပုဂ္ဂိုလ် နှစ်ဦးဖြစ်သည်. တော်လှန်ရေးခေါင်းဆောင် နယ်လ်ဆင်မင်ဒဲလားနှင်. သမ္မတဟောင်း ဒီကလက်ခ် တို.နှင်.တူကြောင်း မြန်မာအစိုးရ၀န်ကြီး ဦးအောင်မင်းက ဆိုလိုက်သည်။


အမေရိကန်သို.အလည်အပတ်ခရီးရောက်ရှိနေသောဒေါ်အောင်ဆန်းစုကြည်၏ ခရီးစဉ်က နယူးရောက်မြို.ရှိကုလသမ္မဂအထွေထွေညီလာခံကိုလာရောက်တက်ရောက်မည်ဖြစ်သော သမ္မတဦးသိန်းစိန်၏ခရီးကိုအရိပ်ထိုးပြီးမှေးမှိန်သွားစေမည်လားဟု အမေရိကန်တာဝန်ရှိသူများက စိုးရိမ်ကြောင်.ကြနေချိန်တွင် သမ္မတရုံးမှဝန်ကြီးဦးအောင်မင်းကရိုက်တာသတင်းဌာနသို. ပြောကြားလိုက်ချင်းဖြစ်ပါသည်။

“သမ္မတကြီး တစ်ယောက်တည်းနဲ.လည်း ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုတွေကို မလုပ်နိုင်ဘူး။ အလားတူ ဒေါ်အောင်ဆန်းစုကြည်တစ်ယောက်တည်းနဲ.လည်း အလုံးစုံကိုအောင်မြင်ပြီးပြတ်အောင်လုပ်နိုင်မယ်လို. ကျနော်တော.မထင်ဘူး။ ဒီ.အတွက်မို. သူတို.နှစ်ဦးလုံး အတူတူတွဲလုပ်ရပါမယ်” ဟု သမ္မတဦးသိန်းစိန်အမေရိကန်ခရီးစဉ်အတွက် အမေရိကန်သို.ရှေ.ပြေးရောက်ရှိနေသော ဦးအောင်မင်းက ဆိုသည်။

“တောင်အာဖရိကနိုင်ငံကို ကြည်.လိုက်ရင် မင်ဒဲလားတစ်ဦးတည်.နဲ.လည်း ခုတောင်အာဖရိကနိုင်ငံရရှိခဲ.တဲ.အောင်မြင်မှုကိုရအောင်လုပ်ဘို.ရာမဖြစ်နိုင်ပါဘူး။ အဓိကတော. မစ္စတာမင်ဒဲလားနဲ.မစ္စတာဒီကလက်ခ်နှစ်ဦးလုံးအတူတွဲလုပ်ခဲ.ကြလို.ပါဘဲ” ဟု ဦးအောင်မင်းက ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်ကလည်း သောကြာနေ.က ကုလသမ္မဂအထွေထွေအတွင်းရေးမှူးချုပ်ဘန်ကီမွန်း နှင်. တွေ.ဆုံရာတွင် ဦးသိန်းစိန်နှင်.သူသည် အတူယှဉ်တွဲ၍အလုပ်လုပ်ကိုင်သွားရန်လိုအပ်ကြောင်း ပြောကြားခဲ.သည်။

ရှေ.အပတ်နယူးယောက်မြို.သို.ရောက်ရှိမည်ဖြစ်သော သမ္မတဦးသိန်းစိန်သည် အမေရိကရှိမြန်မာမိသားစုများနဲ.လည်းတွေ.စုံပြီး မြန်မာပြည်ကိုပြန်၍ တိုင်းပြည်တည်ဆောက်ရေးလုပ်ငန်းများတွင်ပါဝင်ကူညီရန်တိုက်တွန်းသွားမည်ကြောင်း ဖြစ်ကြောင်းသိရသည်။ 


From-အာရှလေဘာတီဂျာနယ်

No comments:

Post a Comment