Saturday, September 8, 2012

ဆရာတော် ဦးဥတ္တမနေ့ကို ပြန်လည်ကျင်းပခွင့်ပြု

From- သစ်ထူးလွင်


ဆရာတော် ဦးဥတ္တမနေ့ အခမ်းအနား လွမ်းသူ့ပန်းခွေ ကပ်လှုကြစဉ် ဓါတ်ပုံ - သန်းလှိုင်  Eleven Media Group
လွတ်လပ်ရေး၏ မီးရှူးတန်းဆောင် ဆရာတော် ဦးဥတ္တမနေ့ အခမ်းအနားကို ၂၀၁၂ ခုနှစ် စက်တင်ဘာလ ၉ ရက်နေ့(ဦးဥတ္တမနေ့)တွင် စစ်တွေမြို့နှင့် ရခိုင်ပြည်နယ် တစ်ဝန်းလုံးတွင် ကျင်းပပြုလုပ် သွားမည် ဖြစ်ေ ကြာင်း သတင်းရရှိပါသည်။ဆရာတော် ဦးဥတ္တမနေ့တွင် ဆရာတော်၊ သံဃာတော်များအား ပင့်ဖိတ်ပြီး ဆွမ်းဆက်ကပ် လှူဒါန်းခြင်း၊ ဦးဥတ္တမပန်းခြံအတွင်းရှိ ဦးဥတ္တမ ကြေးရုပ်ရှေ့တွင် ဆီမီး၊ အမွှေးတိုင်များ ထွန်းညှိပူဇော်ခြင်း၊ လွမ်းသူ့ပန်းခွေများဖြင့် ကြည်ညိုပူဇော်ခြင်းများကို ခွင့်ပြုပေးသွားမည်ဖြစ်ကြောင်းဖြင့်လည်း သိရသည်။

ဆရာတော်ဦးဥတ္တမနေ့ကို ၂၀၁၁ ခုနှစ်မှစတင်ကာ လွတ်လပ်စွာ ကျင်းပလာနိုင်ခြင်းဖြစ်ကြောင်း သိရသည်။

''အရင်တုန်းကကတော့ ဆရာတော်နေ့မှာ လွမ်းသူပန်းခွေချတာတို့၊ ဆရာတော်အကြောင်း ဟောပြော တာတွေ ကို လွတ်လပ်စွာ ပြုလုပ်ခွင့်မရခဲ့ဘူး။ အမြဲစောင့်ကြည့်ခြင်း ခံခဲ့ရတယ်။ အခုအစိုးရသစ် လက်ထက်မှာတော့ နေ့ထူးနေ့မြတ်တွေကို လုပ်ခွင့်ရလာတာ ၀မ်းသာကြိုဆိုပါတယ်''ဟု စစ်တွေမြို့ခံတစ်ဦး ကပြောကြောင်း Eleven Media Group အင်တာနက် စာမျက်နှာမှာ ဖော်ပြထားပါသည်။

No comments:

Post a Comment