Saturday, September 8, 2012

ကရင်နီအမျိုးသား အာဇာနည်နေ့ ပြည်တွင်းတွင် စတင်ကျင်းပ

From- ktimes

ကရင်နီအမျိုးသားတို့ရဲ့  အာဇာနည်နေ့ကို ယနေ့ ကရင်နီပြည်နယ် ဒီးမော့ဆိုမြို့နယ်ထဲက မြလဲရွာမှာ ပထမဆုံးအကြိမ် ကျင်းပပြုလုပ်ကြ တယ်လို့ သိရပါတယ်။

နိုင်ငံရေးအသွင် ကူးပြောင်းနေတဲ့ကာလအတွင်းမှာ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP)  နဲ့ အစိုးရတို့ အပစ်အခတ် ရပ်စဲထားတဲ့ချိန်မိုလို့ ဒီနေ့အာဇာနည်နေ့ကို ကျင်းပနိုင်ရခြင်းဖြစ်ပါတယ်။

 လွိုင်ကော်မြို့ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ ဆက်ဆံရေးရုံးမှ တာဝန်ခံ ခူဒယ်နီယာက “မြလဲရွာ သွားပြီး သတိရအောက်မေ့တဲ့အနေနဲ့ သွားတက်ရောက်ခဲ့ပါတယ်။ ဆုတောင်းဝတ်ပြုပွဲ ကို ပြုလုပ်ကြတယ်။ အဲဒီမှာ တချိန်တည်းမှာဘဲ ဒီနေ့မှာ ကျရောက်တဲ့ အာဇာနည်နေ့ကို အဲမှာကျင်းပခဲ့ကြတယ်” လို့ ပြော ပါတယ်။

ယခုလို အာဇာနည်နေ့ ကျင်းပရခြင်းက ကရင်နီအမျိုးသား ခုခံတော်လှန်ရေး ခေါင်းဆောင်ဖြစ်တဲ့ ဦဘီတူရီ ကျဆုံးခဲ့တဲ့နေရာနှင့် နေ့ရက်ကို အစွဲပြုပြီး သတ်မှတ်ခဲ့ကြတာ ဖြစ်ပါတယ်။

၁၉၄၈ခုနှစ် စက်တင်ဘာလ (၈) ရက်နေ့ မြလဲရွာမှာဘဲ ဦးနုခေါင်းဆောင်တဲ့ ဖဆပလ အစိုးရအဖွဲ့နဲ့ တော် လှန်တိုက်ခိုက်ခဲ့ကြစဉ်က ကျဆုံးခဲ့တာဖြစ်ပါတယ်။  

အာဇာနည်နေ့အဖြစ်ကို ကရင်နီအမျိုးသား တိုးတက်ရေးပါတီကနေပြီး အသိအမှတ်ပြု သတ်မှတ်ခဲ့ကြ တာ ဖြစ်ပါတယ်။ ယခုဆိုလျှင် ၆၄ နှစ်မြောက် ကရင်နီအမျိုးသား အာဇာနည်နေ့ ဖြစ်ပြီး နှစ်စဉ်နှစ် တိုင်းမှာတော့ ပြည်ပတွေဘက်မှာဘဲ ကျင်းပခဲ့ကြတာဖြစ်ပါတယ်။

ဖြစ်ပေါ်လာတဲ့ သမိုင်းအကြောင်းအရင်းတွေကို ပြည်တွင်းမှာ ကရင်နီလူမျိုးအများစုတွေက မသိကြပါဘူး။

ဒါကို ဒီနေ့မှာဘဲ မြလဲရွာမှာ သမိုင်းအကြောင်းနဲ့ ပတ်သက်တာတွေကို ရှင်းပြခဲ့တယ်လို့ ဆရာခူဒယ်နီယာက ဆက်ပြောပါတယ်။

“ပြည်တွင်းမှာက ခါတိုင်းနှစ်တော့ မလုပ်ဖူးဘူး။ တစ်ခါမှ မလုပ်ဖြစ်ဘူးပေါ့ ဥပမာ တော်လှန်ရေးနေ့ ဆိုတာကိုတော့ ဆုတောင်းဝတ်ပြုပွဲလုပ်ဖြစ်ကြတယ်သေးတယ်။ အာဇာနည်နေ့ကို အခုမှ လုပ်ဖြစ်တာပါ။ အဲဒီမှာတော့ အာဇာနည်နေ့ ဖြစ်ပေါ်လာပုံတွေ ပြောဖြစ်တယ်” လို့ ပြောပါတယ်။

ယနေ့ မြလဲရွာမှာကျင်းပတဲ့ အာဇာနည်နေ့ အခန်းအနားကိုတော့ လူဦးရေ ၂၀၀ ကျော်လောက် တက်ရောက်ကြပါတယ်။

တခြားငြိမ်းချမ်းရေးယူထားကြတဲ့ ကရင်နီအမျိုးသား တိုးတက်ရေးပါတီအဖွဲ့ဝင်တွေ ကိုယ်စားလှယ်တွေ၊ ကယန်းပြည်သစ်ပါတီမှ ဒုဥက္ကဌနှင့် အတွင်းရေးမှူး ၊ က.လ.လ.တမှ လူငယ်အဖွဲ့တွေ၊ ကယောနီအဖွဲ့တွေ၊ နဂါးအဖွဲ့တွေနဲ့ ဒေသခံရွာသားတွေ တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။


No comments:

Post a Comment