Sunday, September 23, 2012

မြန်မာမူးယစ်ရာဇာနှင်.စစ်ခေါင်းဆောင်က မဲခေါင်မြစ်တွင် "တရုတ်သင်္ဘောသားများအားသတ်ခဲ.သည်ဟု တရားရုံးတွင် ဖြောင်. ချက်ပေး"

အာရှလေဘာတီ စနေနေ.၊ စက်တင်ဘာ ၂၂ ၊ ၂၀၁၂
 မူးယစ်ရာဇာနှင်. လက်နက်ဂိုဏ်းခေါင်းဆောင် ဟုသင်္ကာမကင်းဖြစ် ခံရသော မြန်မာပြည်မှရှမ်းလူမျိုး စိုင်းနော်ခမ်းနှင်. အပေါင်းအပါ ငါးဦးတို.သည် မနှစ်က မဲခေါင်မြစ်ထဲတွင် တရုတ်သင်္ဘောသား ၁၃ ဦးကို သူတို.သတ်ခဲ.သည်ဟု တရုတ်ပြည်တရားရုံး ၌ ဖြောင်.ချက်ပေးခဲ.ကြောင်း တရုတ်နိုင်ငံ ပိုင်သတင်းမီဒီယာများက ယနေ.ကြေငြာသွားသည်။


၂၀၁၁ အောက်တိုဘာတွင် ထိုင်းနိုင်ငံပိုင်နက်အတွင်းရှိ မဲခေါင်မြစ်ထဲတွင် တရုတ်ကုန်တင် သင်္ဘောနှစ်စီးပေါ်၌ တရုတ်သင်္ဘောသား ၁၃ ဦးသေဆုံးနေကြောင်းတွေ.ရှိခဲ.ပြီးနောက်ပိုင်း စိုင်းနော်ခမ်းကို ယခုနှစ် ဧပြီတွင် လာအိုနိုင်ငံ၌ဖမ်းဆီးရရှိခဲ.ပြီး တရုတ်နိုင်ငံသို.လွှဲပြောင်းပေးခဲ.သည်။

သူ.အားတရုတ်အစိုးရက လူသတ်မှု၊ မူးယစ်ဆေးဝါးကူးသန်းရောင်းဝယ်မှု၊ ပြန်ပေးဆွဲမှုနှင်. အပိုင်စီးနင်းတိုက်ခိုက်မှုတို.ဖြင်.စွဲချက်တင်ခဲ.သည်။
စိုင်းနော်ခမ်းမှာ ကွယ်လွန်သူ ဘိန်းရာဇာ ခွန်ဆာ၏ဖျက်သိမ်းလိုက်ပြီဖြစ်သော မွန်တိုင်း(Mong Tai) တပ်ဖွဲ.မှအရာရှိဖြစ်ပြီး နောက်ပိုင်းတွင် ရှမ်းပြည်နယ်တာချီလိတ်အခြေပြု ပြည်သူ.စစ်ခေါင်းဆောင်ဖြစ်လာကာ ထိုင်း၊လာအို နှင်.မြန်မာနိုင်ငံတို.ဆက်စပ်နေသော ရွှေတြိဂံနယ်မြေတွင် အင်အားကြီးသော စစ်ခေါင်းဆောင်ဖြစ်လာသည်။

မူးယစ်ဆေးဝါးနှင်. လက်နက်မှောင်ခိုမှုတွင်ကျော်ကြားသောရွှေတြိဂံတွင် စိုင်းနော်ခမ်းသည် တန်ခိုးကြီးထွားလာပြီးမည်.သည်.အစိုးရအာဏာပိုင်ကမှမထိန်းချုပ်နိုင်သော ပုဂ္ဂိုလ်တစ်ယောက်ဖြစ်လာခဲ.သည်။

ယူနန်ပြည်နယ် ကူမင်းတရားရုံးက စိုင်းနော်ခမ်းနှင်. အပေါင်းအပါငါးဦး တို.အား နောက်ရက်ပိုင်းတွင်မှ ပြစ်ဒဏ်စီရင်ချက်အမိန်.ချမှတ်သွားမည်ဟု ၄င်းတို.ဖြောင်.ချက်ပေးအပြီးပြောဆိုခဲ.သည်။

ယခုကဲ.သို.ဖြောင်.ချက်ပေးကြောင်းသတင်းများထွက်လာခဲ.သော်လည်း မဲခေါင်မြစ်ထဲ တရုတ်သ င်္ဘောသား ၁၃ ဦးသေဆုံးခဲ.သည်.ကိစ္စမှာမူဆက်လက်ရူပ်ထွေးလျက်ရှိသည်။ ထိုင်းအာဏာပိုင်တို.က ထိုလူသတ်မှုတွင် ထိုင်းစစ်သားကိုးယောက်ပါဝင်နေသည်ဟု စွပ်စွဲပြစ်တင်ကြေငြာထားပြီး ၄င်းတို.အား ဆက်လက်စုံစမ်းစစ်ဆေးနေကြောင်းသိရသည်။


စိုင်းနော်ခမ်းအားယနေ.တရုတ် နိုင်ငံယူနန်ပြည်နယ် ကူမင်းတရားရုံးတွင်တွေ.ရစဉ်။



 



From -အာရှလေဘာတီဂျာနယ်

No comments:

Post a Comment