Sunday, September 23, 2012

အထိုင်များသော အလုပ်ကြောင့် စောစောစီးစီး သေဆုံးစေနိုင်

တစ်ခါထိုင်ရင် သုံး-လေးနာရီကျော်ကြာ တဲ့သူတွေကို လေ့လာ ခဲ့ရာ စောစောစီးစီး သေဆုံးနို င်ခြေ မြင့်မားေ နတယ်လို့ လေ့လာမှု နှစ်ခုအရ သိရပါတယ်။ အမေရိကန်ေ လ့လာမှုအရ တစ်နေ့ ခြောက်နာရီထက် ပိုမိုထိုင်ပြီး လေ့ကျင့်ခန်း မလုပ် တဲ့ အမျိုးသမီးေ တွက အချိန်မတို င်မီ စောစောသေဆုံးနိုင်ခြေ ၇၀ ရာခိုင်နှုန်းကျော် ပိုမိုမြင့်မားကြောင်း၊ အမျိုးသားတွေမှာတော့ အချိန်မတိုင်မီ စောစောသေဆုံးနိုင်ခြေ ၅၀ ရာခိုင်နှုန်း
ပိုမိုမြင့်မားကြောင်း လေ့လာတွေ့ရှိရပါတယ်။သြစတြေးလျ လေ့လာမှုအရ တစ်နေ့ ၁၁ နာရီကျော်ထိုင်တဲ့သူတွေက အချိန်မတိုင်မီ စောစောသေဆုံးနိုင်ခြေ ၄၀ ရာခိုင်နှုန်း ပိုမိုမြင့်မားကြောင်း တွေ့ရှိရပါတယ်။ လေ့လာမှုနှစ်ရပ်အရ လူတွေက အထိုင်များလေလေ၊ ဘဝသက်တမ်းတိုဖို့ အခွင့်အလမ်း ပိုများလေလေ ဖြစ်တာကိုတွေ့ရပါတယ်။


အထိုင်များသူတို့အတွက် ဖြေရှင်းနည်း

- အထိုင်များတဲ့ အလုပ်လုပ်ရသူတွေ အနေနဲ့ နာရီဝက်ကြာ ထိုင်ပြီးတိုင်း မတ်တပ်ရပ်ပေးဖို့ လိုပါတယ်။

- ဖုန်းကို ရပ်ပြီး ပြောတာ၊ လက်ကိုင်ဖုန်းကို လမ်းလျှောက်ပြီး ပြောတာမျိုး လုပ်ပါ။



- လုပ်ဖော်ကိုင်ဖက်တွေနဲ့ စကားပြောရာမှာ အီးမေး၊ ချက်တင်တွေနဲ့ ပြောမယ့်အစား သူတို့ဆီကို သွားရောက်ပြီးပြောပါ။

- နာရီများစွာ ကြာကြာထိုင်ပြီး အလုပ်လုပ်မယ့်အစား မကြာခဏ ရေသောက်လိုက်၊ အိမ်သာသွားလိုက်(ဆီးသွားလိုက်)လုပ်ပေးပါ။

ZKO(Ref; yahoo.com)
By Good Health Originally posted 11/06/2012 15:44PM

No comments:

Post a Comment