Thursday, September 6, 2012

ပိုင်နက်အငြင်းပွားလျက်ရှိသော ကျွန်းများအား ဂျပန်အစိုးရဝယ်ယူရန် စီစဉ်လျက်ရှိ

From-  မြ၀တီ

လူနေထိုင်ခြင်း မရှိသည့် အရှေ့ တရုတ်ပင်လယ် တွင်းရှိ ကျွန်းသုံးကျွန်းကို  ဂျပန်အစိုးရက ဝယ်ယူရန် ဆုံးဖြတ်ခဲ့ကြောင်း အမည် မဖော်လိုသူ အစိုးရ အရာရှိ များ၏ ပြောကြားချက် ကို ကိုး ကား၍ ယိုမီရူရီ သတင်းစာ က ဖော်ပြခဲ့သည် ဟုသိ ရသည်။

ဂျပန် အစိုးရသည် ဂျပန်-တရုတ် နှစ်နိုင်ငံ အကြား ပိုင်နက် အငြင်းပွား လျက်ရှိသော ဆန်ကာကု ကျွန်းငါးကျွန်း အနက်မှ ပုဂ္ဂလိ ကပိုင် ကျွန်းသုံးကျွန်း အားဝယ်ယူ သွားမည် ဖြစ်ကြောင်း ယိုမီရူရီ သတင်းစာ၏ ဖော်ပြချက် အရ သိရသည်။
သို့ရာတွင် ယခုအချိန် အထိ ရောင်းဝယ်မှုနှင့် စပ်လျဉ်း၍ စာချုပ် မချုပ်ဆိုရ သေးသော်လည်း ဂျပန်အာဏာပိုင် တို့က ယခုလ အကုန်တွင် ကျွန်းများ ဝယ်ယူရေးကို အပြီးသတ်ဆောင် ရွက်နိုင် ရန်စီစဉ်လျက် ရှိကြောင်း သတင်းစာက ဖော်ပြခဲ့သည်။
 အရှေ့တရုတ် ပင်လယ် အတွင်းရှိ အဆိုပါ ကျွန်းများသည် အရေးပါသော ရေကြောင်း သွားလာရေးလမ်း ကြောင်းပေါ်တွင်  တည်ရှိနေပြီး သဘာဝ သယံဇာတများ  ထွက်ရှိ နိုင်ဖွယ် ရှိကြောင်း သိရသည်။

No comments:

Post a Comment