Thursday, September 6, 2012

ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း အမေရိကန် အောက်လွှတ်တော် အမတ် Mr.Dana Rohraba cherဦးဆောင်သောအဖွဲ့အား လက်ခံတွေ့ဆုံ

From- မြ၀တီ

ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် ဒုတိယ သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းသည် အမေရိ ကန် အောက် လွှတ်တော် အမတ် Mr.Dana Rohraba che ဦးဆောင်သော အဖွဲ့အား ယနေ့ မွန်းလွဲ ၂နာရီ တွင် နေပြည်တော်ရှိ နိုင်ငံတော် သမ္မတ အိမ်တော် သံတမန်ဆောင် ဧည့်ခန်းမ၌ လက်ခံတွေ့ ဆုံသည်။ ယင်းသို့ တွေ့ဆုံရာတွင် ဒုတိယ
သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းနှင့် အတူ သမ္မတရုံး ဝန်ကြီး ဌာန ပြည်ထောင်စု ဝန်ကြီး ဦးစိုးမောင်၊ နိုင်ငံခြားရေး ဝန်ကြီး ဌာန ဒုတိယ ဝန်ကြီး ဦးသန့်ကျော်၊ အလုပ်သမား ဝန်ကြီးဌာန ဒုတိယ ဝန်ကြီးဦးမြင့်သိန်း၊ ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဦးသောင်းတင်နှင့် တာဝန်ရှိသူတို့ တက်ရောက်ကြပြီး အမေရိကန် အောက်လွှတ်တော် အမတ် ဦးဆောင်သော အဖွဲ့နှင့် အတူ မြန်မာနိုင်ငံ ဆိုင်ရာ အမေရိကန် သံရုံးမှ တာဝန်ရှိသူများ တက်ရောက် ကြသည်။ တွေ့ဆုံ စဉ် နှစ်နိုင်ငံ ဆက်ဆံရေး တိုးမြှင့် ခိုင်မာရေးနှင့် နှစ်နိုင်ငံကြား စီပွားရေး ပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များကို ရင်းနှီးခင်မင်စွာ ဆွေးနွေး ကြသည်။

No comments:

Post a Comment