From- irrawaddy
သမ္မတ ဦးသိန်းစိန် က ပြည်သူ့အသံ နားထောင်ဖို့အတွက် သမ္မတရုံး အင်တာနက်စာမျက်နှာမှာ အစီအစဉ် တခု လုပ်ထားပါတယ်။ ပြည်သူတွေရဲ့ မကျေနပ်ချက်တွေ၊ အကြံပြုချက်တွေကို အင်တာနက်ကတဆင့် သမ္မတ ဆီကို ပေးပို့နိုင်ပါပြီ။
မြန်မာနိုင်ငံသူ နိုင်ငံသားတွေအနေနဲ့ ဘာအခက်အခဲတွေဖြစ်နေလဲ၊ သမ္မတဆီကို ဘာတွေ ရင်ဖွင့်ချင်လဲ၊ မကျေနပ်ချက် တွေ ကို သမ္မတဆီ အင်တာနက် အွန်လိုင်းက ပေးပို့လိုသူတွေအတွက် ပြုလုပ်ပုံ အဆင့်ဆင့် ကို ဖော်ပြပေးလိုက်ပါတယ်။
ပထမဆုံးအနေနဲ့ သမ္မတရုံးရဲ့ အင်တာနက် စာမျက်နှာလိပ်စာဖြစ်တဲ့ http://www.president-office.gov.mm/ ကို ဦးစွာ ပထမ သွားရပါမယ်။
ပထမ ပုံ ၁ မှာ ပြထားတဲ့ “ပြည်သူ့အသံ” ဆိုတဲ့ စာအိတ်ပုံသဏ္ဍန် အကွက်ကို အင်တာနက် စာမျက် နှာမှာ အရင်ရှာပြီး တွေ့တာနဲ့ ကလစ်လိုက်ပါ။
ဒါဆိုရင် ပုံ ၂ မှာ မြင်ရတဲ့အတိုင်း သမ္မတဆီကို စာရေးပို့လို့ ဇယားကွက်ကို မြင်ကြရမှာပါ။
ပြထားတဲ့ ကွက်လပ်တွေမှာ အမည်၊ ပေးပို့သူရဲ့ အီးမေးလ်လိပ်စာဖြည့်ပြီး ဘယ်တိုင်း၊ ဘယ်ပြည်နယ်က ဆို တာ ကို ရွေး ချယ်ရပါမယ်။ ပြီးတာနဲ့ ပေးထားတဲ့ နောက်တခုမှာ ကိုယ်ပေးပို့မယ့်စာ အမျိုးအစားရွေး ရပါမယ်။
အကြံပြုစာ၊ တိုင်ကြားစာ၊ အသနားခံစာ၊ ပစ်စာ ဆိုတဲ့ ၄ ခုထဲက တခု ခုကို ရွေးရမှာဖြစ်ပါတယ်။
ပြီးရင်တော့ ကိုယ့်ရဲ့ နိုင်ငံသား စိစစ်ရေး အမှတ်၊ လိပ်စာ၊ ခေါင်းစဉ်တွေထည့်ပြီး မက်ဆေ့ခ်ျ အကွက်ထဲမှာ အကျိုး အကြောင်း ရေးတာနဲ့ တချို့ ဓာတ်ပုံးအစရှိတဲ့ ပူးတွဲ ဖိုင်တွေပါ ပေးပို့နိုင်ဘို့လည်းပါ ပါတယ်။
အားလုံး ပြီးသွားရင်တော့ မှင်အနီနဲ့ ၀ိုင်းပြထားတဲ့ Submit ဆိုတာလေးကို နှိပ်ပြီး သမ္မတဆီကို ပေးပို့ လိုက်ရင် အဆင့်အားလုံး ပြီးဆုံးသွားပြီး သမ္မတဆီကို ရောက်ပြီလို့ ဆိုပါတယ်။
သမ္မတ က ဘာတွေ ဆက်လက်အကောင်အထည်ဖော်မယ်ဆိုတာ စောင့်ကြည့်ရုံသာပါဘဲ။

No comments:
Post a Comment