Saturday, September 8, 2012

စက်တင်ဘာလ ၈ ရက်နေ့က ဟင်္သာတမြို့တွင် ၈လေးလုံးအရေးတော်ပုံကြီးတွင် ပါဝင်ခဲ့ကြသည့် ဟင်္သာတ မိသားစုများတွေ့ဆုံပွဲ ကျင်းပပြုလုပ်

From- Eleven Media Group

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့တွင် စက်တင်ဘာလ ၈ ရက်နေ့က ၈ လေးလုံး အရေးတော်ပုံကြီးတွင် ပါဝင်ခဲ့ကြသည့် ဟင်္သာတမိသားစု များ တွေ့ဆုံပွဲကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရပါသည်။
အဆိုပါတွေ.ဆုံပွဲကို ဟင်္သာတမြို.၊ ဘုရားကြီးရပ်ကွက်ရှိ ဆရာ ဦးကြည်သန်း (နိုင်ငံရေးအကျဉ်းသားဟောင်း)၏နေအိမ်တွင် စက်တင်ဘာလ ၈ ရက်နေ. နေ့လည် ၁ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ၁၉၉၀ ခုနှစ် ဟင်္သာတမြို.နယ်၊ မဲဆန္ဒနယ်အမှတ် ၂ မှ ရွေးချယ်ခံ လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဒေါက်တာဇော်မြင့်နှင့် လုပ်ဖော်ကိုင်ဖက်များ၊ ဟင်္သာတမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများကွန်ယက်မှ တာဝန်ရှိသူများနှင့် စိတ်ပါဝင်စား သူများ စုစုပေါင်းလူဦးရေ ၄၀ ခန့် တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

“နှစ်ပေါင်းကြာပြီဖြစ်တဲ့ အာဏာ
ရှင်အစိုးရကို တိုက်ပွဲဝင်ခဲ့ကြတဲ့ ဟင်္သာတမိသားစုတွေနဲ့ တွေ့ဖြစ်တဲ့ ပွဲဖြစ်လို့ အရမ်းဝမ်းသာမိပါတယ်။ တချို့လူတွေလည်း တစ်နေရာရောက်၊ တချို့လူတွေကျတော့လည်း ကွယ်လွန်တာတွေရှိတဲ့အတွက် အဲဒီလူတွေကိုအမှတ်ရနေမိပါတယ်။ ကာလတစ်ခုကို ကြမ်းကြမ်း တမ်းတမ်းနဲ့ဖြတ်ပြီး အခုအခါမှာ နိုင်ငံရေးသဘောအရ စုစုစည်းစည်း လုပ်ကြတာတွေကို မြင်လည်းမြင်ချင်၊ တိုက်လည်းတိုက်တွန်းချင်တဲ့အတွက် ဟင်္သာတမိသားစုတွေရဲ့ ဖိတ်ကြားမှုကို တက်ဖြစ်ခဲ့တာပါ”ဟု ၁၉၉၀ ခုနှစ်၊ ဟင်္သာတမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဒေါက်တာဇော်မြင့်က ပြောကြားပါတယ်။
“၂၀၁၂ ခုနှစ် ၈ လပိုင်း၊ ၈ ရက်နေ့မှာ လုပ်ဖြစ်တဲ့ပွဲတုန်းကတည်းက ၁ လကြာအပြီးမှာ ထပ်လုပ်နိုင်ဖို့ ဟင်္သာတက ဆရာဦးကြည်သန်းနဲ့ တိုင်ပင်ဖြစ်ခဲ့ပါတယ်။ ဟင်္သာတမှာပြုလုပ်ဖြစ်တဲ့အဓိက ရည်ရွယ်ချက် ကတော့ ပြီးခဲ့တဲ့ပွဲတုန်းက ဆုံးဖြတ်ခဲ့ကြတဲ့ (၁)အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ၀န်းရံဖို့  (၂) HRDP ရဲ့ ဆောင်ရွက်မှုတွေကို ၀ိုင်းဝန်းပေးဖို့၊  (၃) ပွင့်လင်းလူ့အဖွဲ့အစည်း လူမှုဆောင်ရွက်မှုများကို ပံ့ပိုးဖို့ စတဲ့အချက် ၃ ချက်ကိုထပ်ပြီးအတည်ပြုတဲ့အနေနဲ.ပြုလုပ်ခဲ့ခြင်းဖြစ်ပါတယ်”ဟု ရှစ်လေးလုံး အရေးတော် ပုံကြီးတွင် ပါဝင်ခဲ့သူတစ်ဦးက ပြောကြားခဲ့ပါသည်။
၁၉၉၀ ခုနှစ် ဟင်္သာတမြို.နယ်၊ မဲဆန္ဒနယ်အမှတ် ၂ မှ ရွေးချယ်ခံ လွတ်တော်ကိုယ်စားလှယ်ဟောင်း ဒေါက်တာဇော်မြင့်သည် ၉၀ ရွေးကောက်ပွဲအပြီး  ၈ နှစ်နှင့် ၉လကြာ ထိန်းသိမ်းခံခဲ့ရပြီးနောက် ၈ လေးလုံးဟင်္သာတမိသားစုများနှင့် ပထမဦးဆုံး စုစုစည်းစည်း ပြန်လည်တွေ့ဆုံဖြစ်သောပွဲ လည်းဖြစ်ကြောင်း သိရပါသည်။

No comments:

Post a Comment