Friday, September 21, 2012

လူသတ်မှုဖြင့်ဖမ်းဆီးထားသော ဘင်္ဂလီနှစ်ဦး ကျောက်တော်ရဲစခန်းအချုပ်ခန်းမှ ဖောက် ထွက် လွတ်မြောက်သွား

ကျောက်တော်မြို့တွင် လူသတ်မှုဖြင့်ဖမ်းဆီးထားသော ဘင်္ဂလီနှစ်ဦး၂၁ ရက်နေ့ည  ၁း၃၀ ခန့်အချိန် တွင် ကျောက်တော် ရဲစခန်းအချုပ်ခန်းမှ ဖောက် ထွက် လွတ်မြောက်သွားကြောင်း သတင်းရရှိပါသည်။
ထိုသို့ ဖောက်ထွက် သွားခြင်း မှာ ပုဆိုးကိုသံတိုင်အားလိမ်ကာ ထွက်သွား ခြင်း ဖြစ်ကြောင်းလည်း သိရှိရပါသည်။
ထိုသူတို့သည် မကြာသေးမီက သရက်အုပ်ကျေးရွာမှာ ဦးကျော်မောင်ချေ အားသတ်ဖြတ်ခဲ့သော တရားခံများဖြစ်ပြီး ရဲစခန်းတွင် ၀န်ခံထွက်ဆို ထား သူများလည်းဖြစ်ကြောင်းလည်းသိရသည်။
ယင်းသို့လွတ်မြောက်သွားခြင်းသည် ရဲစခန်းတွင်လုံးဝတာဝန်ရှိပြီး ပြန်လည် ဖမ်းဆီးနိုင်ခြင်းမရှိလျင်...............။
ရခိုင်သားများအားသတ်ဖြတ်ခဲ့သော အဆိုပါ တရာခံအား ယင်းသို့ လွတ် မြောက်သွားမှုမှာ သံသယမကင်းကြောင်းများရှိကြောင်းလည်းသိရှိရပါသည်။
ယနေ့တွင် ရဲများက အပူတပြင်းရှာဖွေနေသော်လည်း တွေ့ရှိခြင်းမရှိသေး ကြောင်းနှင့် ထိုသို့လွတ်မြောက်သွားခြင်းမှာ ရဲသားများအရက်သောက် ပြီး အိပ်နေခြင်းများကြောင့်ဖြစ်သည် ဟုလည်း ကျောက်တော်မြို့သူသားများက ပြောကြားခဲ့ပါသည်။
ညနေပိုင်းက ရဲသားများအရက်ဝယ်သွားသည်ကို တွေ့လိုက်ရကြောင်း လည်း ပြောဆိုကြပါသည်။
From -Rakhine Straight Views

No comments:

Post a Comment