Saturday, September 8, 2012

ဇေကမ္ဘာက သိမ်းသွားသော လယ်များအတွက် ဆန္ဒပြ

From- mizzima

ရန်ကုန် (မဇ္ဈိမ)  ။   ။ မင်္ဂလာဒုံမြို့နယ်နှင့် လှည်းကူးမြို့နယ်များရှိ လယ်သိမ်းခံရသော လယ်သမား ၇၅ ဦးက ထိုက်သင့်သော လျော်ကြေးမပေဘဲ ၄င်းတို့၏ လယ်ယာမြေသိမ်းယူခဲ့သော   ဇေကမ္ဘာကုမ္ပဏီ ကို ဆန္ဒဖော် ထုတ်ခြင်းကို  သြဂုတ်လ ၇ရက်နေ့က ထောက်ကြန့်မြို့နယ်တွင် ဆန္ဒပြခဲ့ကြသည်။
လယ်ဧက သုံးထောင်ကျော် အသိမ်းခံရသော မင်္ဂလာဒုံမြို့နယ် သင်္ဃန်းကျွန်းကြီးနှင့် လှည်းကူးမြို့နယ် ဆင်ဖုံကျေးရွာများမှ လယ်သမားတို့ဘက်က လိုက်ပါဆောင်ရွက်နေသော မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေး ပါတီရုံးရှေ့တွင် စုရုံးဆန္ဒပြရန်အတွက်ကိုပင် မြို့နယ်ရဲစခန်းတွင် ခွင့်တောင်းခဲ့ရာ ဆန္ဒပြမည့်သူ အရေ အတွက်ကို သုံးပုံတပုံနီးပါးသာ ကန့်သတ်ပေးခဲ့သည်။

“မင်္ဂလာဒုံစက်မှုဇုံ(၁)၊(၂)၊(၃)အတွက်ဆိုပြီးလယ်တွေသိမ်းတုံးက နစ်နာကြေး၊လျော်ကြေးမပေးခဲ့ပါဘူး။ ပေ ၄၀-၆၀ မြေကွက် တစ်ယောက်တစ်ကွက် ပေးမယ်ဆိုပြီးလည်း မပေးခဲ့ပါဘူး၊ ထိုက်သင့်တဲ့ နစ်နာကြေးလို ချင်လို့  ခုလိုဆန္ဒထုတ်ဖော်ရခြင်းဖြစ်ပါတယ်” ဟု ဆန္ဒပြလယ်သမား ဦးမြင့်သိန်းက ပြောသည်။

လွန်ခဲ့သော ၁၅ နှစ်ခန့်က လယ်ယာမြေများအား လွန်ခဲ့သော ၁၅နှစ်ခန့် က စက်မှုဇုန်ဖော်ထုတ်ရေး စီမံကိန်းအတွက်ဟု သိမ်းယူခဲ့ခြင်းဖြစ်သည်။

“ကျွန်တော်လယ် ၆ ဧက သိမ်းခံလိုက်ရတယ်။ ကျွန်တော်လယ်တွေ ပြန်လိုချင်ပါတယ်။ လယ်သိမ်းခံရပြီး တည်းက လယ်ပိုင်မရှိနဲ့အတော်အခက်ခဲကြုံရပါတယ်။ ခုဆို ကျပန်း လုပ်ကိုင်စားသောက်နေရပါတယ်”ဟု လယ်သမား ကိုအေးခိုင်က ဆိုသည်။

 မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီဥက္ကဌ ဦးနေမျိုးဝေက “ သူတို့ကပြောတယ် စက်မှုဇုန်က ၈၀ ရာခိုင်နှုန်းအောင်မြင်နေတယ်ပြောတယ်၊ တကယ်တော့ ဟောင်းလောင်းကြီး  မြေကွက်လွတ်တွေပဲ ရှိသေး တယ်၊ သူတို့ရဲ့လုပ်ရပ်တွေကို ဥပဒေနဲ့ အညီဖြစ်ဖို့လိုပါတယ် ” ဟု  ပြောသည်။

No comments:

Post a Comment