Saturday, September 8, 2012

ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်သည့် ပြည်သူ့လွှတ်တော် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီ၏ တွေ့ဆုံပွဲ ကျင်းပ

From-  Eleven Media Group

စက်တင်ဘာလ ၈ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အဆောက် အအုံ၌ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် ပြည်သူ့လွှတ်တော် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီ အဖွဲ့ဝင်များသည် ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထဲရေ၀န်ကြီးဌာန ၊ တရာရေးဆိုင်ရာအဖွဲ့အစည်းများနှင့် ရှေ့နေများတွေ့ဆုံပွဲကို ကျင်းပနေကြောင်း သိရှိရသည်။

အဆိုပါတွေ့ဆုံပွဲသို့ ပြည်သူလွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းတက်ရောက် မိန့်ခွန်းပြောကြားခဲ့ပြီး သူရဦးရွှေမန်းက “မိမိတို့နိုင်ငံအနေဖြင့် တရားဥပဒေစိုးမိုးရေးကို ရှေ့တန်းတင်ဆောင်ရွက်ရမည့် အခြေအနေဖြစ်သည်ဟု ထင်မြင်မိကြောင်း”ဟု ပြောကြားခဲ့သည်။

ထို့နောက် ဒေါ်အောင်ဆန်းစုကြည်မှ မိန့်ခွန်းပြောကြားရာတွင် “ကျွန်မတို့ ကော်မတီအနေနဲ့ ဘာတွေလုပ် မလဲဆိုတာ ရှင်းပြဖို့ ခက်ပါတယ်။ စတင် သင်ယူနေတဲ့အချိန် ဖြစ်ပါတယ်။ ယခုတွေ့ဆုံပွဲကလည်း ဥပဒေပညာရှင်တွေဆီကနေ သင်ယူချင်တဲ့စိတ်နဲ့ လုပ်ခဲ့တာဖြစ်ပါတယ်။ အတွေ့အကြုံရှိ ပုဂ္ဂိုလ်ကြီးတွေ ဆီကနေ တရားဥပဒေစိုးမိုးရေးဆိုင်ရာ ဆက်လက်ဆောင်ရွက်ရမည့် ကိစ္စတွေကို သင်ယူချင်လို့ပါ။ တရားဥပဒေ စိုးမိုးရေးဆိုတာ တရာဥပဒေ ရှိရုံနဲ့ မလုံလောက်ပါဘူး။ တရာမျှတနေရုံနဲ့ မလုံလောက်ပါဘူး။ အများပြည်သူရဲ့ လုံခြုံရေးနဲ့ လွတ်လပ်ခွင့်ကို ဥပဒေက အကာအကွယ်ပေးနေတယ်ဆိုတဲ့ ယုံကြည်ချက်မျိုး ပြည်သူတွေမှာ ရှိဖို့လိုပါတယ်။ ဒီယုံကြည်မှုရှိပြီဆိုရင် ဒီလူ့အဖွဲ့အစည်းမှာ တရားဥပဒေ စိုးမိုးရေးရှိပြီလို့ ယုံကြည်ရပါတယ်။ အခု တရားဥပဒေစိုးမိုးရေးဆိုတာ ဘယ်လိုပြောရမှန်းတောင် မသိဘူး။ တရားရုံးတွေကို သွားရင်၊ ငွေများတရားနိုင်ဆိုတဲ့ စကားတွေ ပြည်သူတွေကြားမှာ ပြောနေကြတယ်။ ကျွန်မတို့အနေနဲ့ တရားဥပဒေစိုးမိုးရေးကို လက်တွေ့ကျကျလုပ်နိုင်ဖို့၊ ဘာတွေလုပ်သင့်သလဲဆိုတာ အဖြေရှာဖို့ ဖြစ်ပါတယ်”ဟု ပြောကြားခဲ့သည်။


ဆက်လက်၍ ဒေါ်အောင်ဆန်းစုကြည်က လူ့အခွင့်အရေးကို တရားဥပဒေစိုးမိုးရေးနှင့် ကာကွယ်ရ မည်ဖြစ်ကြောင်း၊ ထို့ကြောင့် မိမိနိုင်ငံအတွက် တရာဥပဒေစိုးမိုးရေးမှာ အရေးကြီးကြောင်း ပြောကြား ခဲ့သည်။


ယခုတွေ့ဆုံဆွေးနွေးပွဲတွင် ဥပဒေပညာရှင် ၅ ဦးမှ တရားဥပဒေစိုးမိုးရေး အတွက် ဆောင်ရွက်ရန် လိုအပ်သည်များကို အကြံပြုဆွေးနွေးကြမည်ဖြစ်သည်။

No comments:

Post a Comment