Thursday, September 6, 2012

ဒီကနေ့ လွှတ်တော်သတင်း

From- RFA 
ဦးသိန်းစိုးခေါင်းဆောင်တဲ့ နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခု 
ဖောက်ဖျက်ကျူးလွန်မှု၊ လုပ်ငန်းတာဝန်မကျေပြွန်မှုတွေကြောင့် လက်ရှိထမ်းဆောင်နေ တဲ့ ရာထူးတာဝန်တွေကို ဆက်လက် ထမ်းဆောင်ဖို့ မသင့်ကြောင်း နေပြည်တော်မှာ ဒီကနေ့ ကျင်းပ တဲ့ ပြည်သူ့လွှတ်တော်မှာံရုံး ဥက္ကဋ္ဌနဲ့ အဖွဲ့ဝင်တွေဟာ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဌာန်းချက်တွေကို မဲခွဲဆုံးဖြတ်ပြီး လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက ကြေညာခဲ့ပါတယ်။
ပြည်သူ့လွှတ်တော်စုံစမ်းစစ်ဆေးရေးအဖွဲ့က နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး ဥက္ကဌ နဲ့အဖွဲ့ဝင်တွေကို စွပ်စွဲပြစ်ခြင်းနဲ့ ပတ်သက်လို့ ဒီကနေ့ကျင်းပတဲ့ ပြည်သူ့လွှတ်တော်အစည်းအဝေးအတွင်း လွတ်တော် ကိုယ်စားလှယ်တွေရဲ့ သဘောထားဆုံးဖြတ်ချက်တွေရယူခဲ့ရာမှာ

ရွေးချယ်ခံလွှတ်တော် ကိုယ်စားလှယ် (၃၀၇) ဦးက ထောက်ခံတဲ့အတွက် လွှတ်တော်ကိုယ်စားလှယ် (၃)ပုံ (၂)ပုံကျော်ရဲ့ ဆုံးဖြတ်ချက်နဲ့ အခုလို အတည်ပြုလိုက်တာဖြစ်ပါတယ်။


ဒီဆုံးဖြတ်ချက်ကို ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက သမ္မတထံ ပေးပို့ပြီး၊ လစ်လပ်သွားတဲ့ ခုံရုံးဥက္ကဋ္ဌ အပါအ၀င် အဖွဲ့ဝင် (၉)ဦးကို ပြန်လည်ရွေးချယ် ခန့်အပ်ရမှာ ဖြစ်ပါတယ်။


မနက်ဖြန်မှာတော့ ပြည်ထောင်စုလွှတ်တော်ကို နေ့ဝက်လောက်ကျင်းပပြီး၊ လက်ရှိကျင်းပနေတဲ့ လွှတ်တော် အစည်းအဝေးတွေကို တစ်လခွဲလောက် ရပ်နားမှာဖြစ်ပါတယ်။


နောက်ထပ်တကြိမ်လွှတ်တော် အစည်းအဝေးတွေကိုတော့ အောက်တိုဘာ တတိယပတ်မှာ ပြန်လည်ခေါ် ယူမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။

No comments:

Post a Comment