Monday, September 10, 2012

အိုင်စီတီညွှန်းကိန်းအရ အင်တာနက်အသုံးပြုသူလူဦးရေ ခြောက်သိန်းအထိရှိလာ

ရန်ကုန်၊ စက်တင်ဘာ၊ ၆
၂၀၁၁ ခုနှစ်ထုတ်ပြန်ချက်များအရ မြန်မာနိုင်ငံ၏အင်တာနက် အသုံးပြုသူဦးရေသည် ၅ သိန်းကျော်မျှသာရှိခဲ့သော်လည်း ၂၀၁၂ ခုနှစ်သြဂုတ်လအတွင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ ထုတ်ပြန်ချက် များအရ အင်တာနက် အသုံးပြုသူဦးရေသည် ၆ သိန်းဝန်းကျင် အထိရှိလာခဲ့ပြီဟုသိရ သည်။ နှစ်ဝက်တာကာလအတွင်း အင်တာနက် အသုံးပြုသူဦးရေသည် သိန်းဂဏန်း ၀န်းကျင် တိုးတ
က် လာ ခဲ့ခြင်းဖြစ်ပြီး
မိုဘိုင်းဖုန်း အင်တာနက် အသုံးပြုသူဦးရေမှာလည်း ၂ သိန်းခွဲဝန်းကျင်အထိရှိလာခဲ့သည်ဟု အိုင်စီတီညွှန်းကိန်းများကဖော်ပြသည်။ လူဦးရေသန်း ၆၀ ကျော်ရှိသည့် မြန်မာနိုင်ငံ၌ အင်တာနက်အသုံးပြုသူဦးရေ ၆ သိန်းဝန်းကျင်အထိတည်ရှိလာခဲ့ခြင်းဖြစ်ပြီး Broadband အင်တာနက်လိုင်း အရေအတွက် ၆ သောင်းဝန်းကျင်ကို တပ်ဆင်အသုံးပြုနေကြခြင်းဖြစ်သည်။ အလားတူ မြန်မာနိုင်ငံ၌ ၂၀၁၁ ခုနှစ်အတွင်းအသုံးပြုနေသော အင်တာနက် Bandwidth ပမာဏသည် 3.5G အထိသာရှိခဲ့သော်လည်း ၂၀၁၂ ခုနှစ်အတွင်း မြန်မာနိုင်ငံ၏ အင်တာနက်အသုံးပြုနိုင်သော Bandwidth ပမာဏမှာ 14G အထိရှိလာခဲ့သည်။ နှစ်ဝက်တာကာလအတွင်း အင်တာနက်အသုံးပြုနိုင်သော Bandwidth ပမာဏ ၁၀ ဆနှင့် အင်တာနက်အသုံးပြုသူအရေအတွက် တစ်သိန်းကျော် တိုးတက်လာခဲ့ခြင်းဖြစ်သည်။ ““အင်တာနက်အသုံးပြုသူဆိုတာ နေ့တိုင်းနေ့တိုင်းတိုးလာနိုင်တာပဲ။ တစ်နှစ်ကိုဘယ်လောက်ထိ တိုးနေတယ်ဆိုတာတော့ ကျွန်တော်မသိဘူး။ ဒါပေမယ့် အင်တာနက် အသုံးပြုနိုင်တဲ့ Bandwidth ပမာဏကတော့ ၁၀ ဆလောက်တိုးလာတယ်လို့သိရတယ်။ ကျွန်တော်တို့သုံးနေတဲ့ အမြန်နှုန်းကတော့ ထူးခြားလာတယ်လို့မထင်ရဘူး””ဟု ရန်ကုန်မြို့ရှိ အင်တာနက်နေ့စဉ်အသုံးပြုသူတစ်ဦးကပြောသည်။ အင်တာနက်အသုံးပြုသူအရေအတွက် တိုးတက်လာရာ၌ မိုဘိုင်းဖုန်းအင်တာနက်အသုံးပြုသူအရေ အတွက်မှာ ၂၀၁၂ ခုနှစ် ဒုတိယ သုံးလပတ်အတွင်း သိသိသာသာ တိုးတက်များပြားလာခဲ့ခြင်းဖြစ်သည်ဟု အင်တာနက်လိုင်းများ ရောင်းချပေးနေသည့် ရတနာပုံတယ်လီပို့မှ ထုတ်ပြန်ပြောဆိုခဲ့သည်။
From -အင်တာနက်ဂျာနယ်

No comments:

Post a Comment