Monday, September 10, 2012

[ Voice Of The Day ]


ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက ပြောကြားရာတွင် အခွန် တံဆိပ်ခေါင်း နှင့် ပတ်သက်၍ သက်ဆိုင်ရာ ဝန်ကြီး ဌာန၏ ဖြေကြားချက်သည် ယေဘုယျ ဆန်ပါကြောင်း၊ ဖြေကြားချက်များ ယေဘုယျ မဆန်ရန်နှင့် လက်တွေ့ကျင့်သုံး နေသည့်စနစ်၊ နည်းလမ်းများ လိုအပ်နေသည်၊ လွဲနေသည် ဆိုပါကလည်း အမြန်ဆုံး ပြုပြင် ပြောင်းလဲရန် လိုပါကြောင်း၊ လွှတ်တော် ကိုယ်စားလှယ်များ အနေဖြင့် မေးခွန်း မေးမြန်းသည့် အခါ ထိထိရောက်ရောက်နှင့် လိုအပ်ပါက မည်သည့် နေရာတွင် မည်ကဲ့သို့ ဖြစ်နေသည်ကို သက်သေ အထောက်အထား များဖြင့် မေးမြန်းရန်နှင့် ဖြေကြားသူများ
အနေဖြင့်လည်း ပြည်သူများကို လေးစား သောအားဖြင့် တိတိကျကျ ရှင်းရှင်း လင်းလင်း ပြန်လည် ဖြေကြားရန် လိုအပ် ပါကြောင်း၊ အဆိုပါ ဖြေကြားချက်များကို အစိုးရ၏ အာမခံချက်များ၊ ကတိ များနှင့် တာဝန်ခံချက်များ စိစစ်ရေး ကော်မတီက မှတ်တမ်းတင် စောင့်ကြည့် လေ့လာပြီး ကတိကဝတ်များ အတိုင်း ဆောင်ရွက်နိုင်ခြင်း မရှိသည်များကို လွှတ်တော်သို့ တင်ပြသွားရန် ဖြစ်ကြောင်းဖြင့် တိုက်တွန်း မှာကြားသည်။

သြဂုတ်လ ၂၉ ရက်နေ့ထုတ် ကြေးမုံ သတင်းစာပါ “ပြည်သူ့ လွှတ်တော် အစည်းအဝေး ၃၄ ရက်မြောက်နေ့ ကျင်းပ” သတင်းမှ ကောက်နုတ်ချက်
From -TheVoiceWeekly

No comments:

Post a Comment