Wednesday, September 26, 2012

မန္တလေးဒေသအတွက် ဟိုတယ်ဇုန်

မြန်မာပြည်ထဲ အလုံးအရင်းနဲ့ ၀င်လာ ကြမယ့် ပြည်ပဧည့်သည်များအတွက် ဟိုတယ်ခန်း လုံလုံေ လာက်ေ လာက် ရှိစေရေး ရည်ရွယ်တဲ့ စီမံကိန်းတခု လာပါပြီ။
 တံတားဦးမြိုနယ်၊ ကူးတို့ဆိပ်ကျေးရွာအုပ်စု၊ မန္တလေးမြို့သာ ကားလမ်းရဲ့ မြောက်ဘက် ဧရာဝတီမြစ်ကမ်းအထိ  ဧရိယာမြေ ဧက ၃.ဝဝဝ ခန့် နေရာကို ဟိုတယ်ဇုန် အဖြစ် သတ်မှတ်ပြီး ဆောက်လုပ်မယ် လို့ မန္တလေးမြို့ဟိုတယ်လုပ်ငန်းရှင်များအသင်း တာဝန်ရှိသူတဦးက ပြောပါတယ်။

 

ယခင်က ဒီနေရာကို မန္တလေးမြို့သစ် စီမံကိန်းအတွက်   ဆောင်ရွက်ဖို့ ရည်ရွယ်ထားတယ်၊ အခုတော့ မန္တလေးတိုင်း ဒေသကြီး ဝန်ကြီးချုပ်က မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း အဖွဲ့ချုပ်ကို ဟိုတယ်ဇုန်လုပ်ကိုင်ဖို့အတွက် ခွင့်ပြုခဲ့တာလို့ သိရပါတယ်။

အဖွဲ့ချုပ်က ဦးဆောင်ပြီး ဟိုတယ် ဇုန်ပြုလုပ်ဖို့အ တွက် အများပိုင်ကုမ္ပဏီ တည်ထောင်ခွင့်ကို လျှောက်ထားတင်ပြထားတယ်လို့ အဆိုပါအဖွဲ့က  တာဝန်ရှိသူ တစ်ဦးကပြောပါတယ်။

''ကျွန်တော်တို့ အဖွဲ့ကို ဝန်ကြီးချုပ်က ခေါ်တွေ့ပြီး ဟိုတယ်ဇုန်အတွက် ခွင့်ပြုတဲ့အကြောင်း ပြောပါတယ်။   အဖွဲ့ အနေနဲ့က အကျိုးအမြတ် လုပ်ငန်းတွေ လုပ်လို့ မရတဲ့အတွက် အများပိုင် ကုမ္ပဏီ တည်ထောင်ပြီး အများပြည်သူကို အစုရှယ်ယာတွေ ဖိတ်ခေါ်သွားမှာပါ'' လို့ ပြောပါတယ်။

ဟိုတယ်ဇုန်မှာ ဒါတွေ ပါမယ်


ဟိုတယ်၊ မိုတယ်၊ တည်းခိုရိပ်သာ
ပန်းခြံ၊ ရုပ်ရှင်ရုံတွေ၊ စူပါမားကတ်
ဘဏ်၊ စာသင်ကျောင်း

ဟိုတယ်ဇုန်စီမံကိန်းကို ၂ဝ၁၅ မှာ အပြီးသတ် လုပ်ဆောင်သွားမှာပါလို့ ပြောပါတယ်။
၃ နှစ်အတွင်း အပြီး ဆောက်မယ့် အစီအစဉ်ပါ။

 အချက်အချာ ကျတဲ့ နေရာပါပဲ။ မန္တလေးအပြည်ပြည်ဆိုင်ရာ လေဆိပ်၊ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးတို့နဲ့ လမ်းသင့်ပါတယ်။
 

မြေကွက်တွေကို အမှန်တကယ် ရင်းနှီးမြှပ်နှံသူများကိုသာ ရောင်းချပေးသွားမယ်၊  နိုင်ငံခြား ရင်းနှီးမြှပ်နှံမှုတွေကိုလည်း ဖိတ်ခေါ် ဆောင်ရွက်သွားမယ်၊ မြေကစားတာတွေ မဖြစ်ရလေအောင် စည်းကမ်းချက်တွေ သတ်မှတ်ထားမယ် လို့ အထက်ပါ ပုဂ္ဂိုလ်က ပြောပါတယ်။


 

တံတားဦး ဟိုတယ်ဇုန်ကို   ယဉ်ကျေးမှု ဝန်ကြီးဌာနက ချက်ချင်း ခွင့်ပြုချက် မပေးခဲ့ပါဘူး၊
 ဒီဇုန် ဖြစ်လာမယ့် နေရာက  ရှေးဟောင်းယဉ်ကျေးမှုနယ်မြေအဖြစ် သတ်မှတ်ထားတဲ့ အင်းဝ မြို့ဟောင်း ဒေသထဲ ရောက်နေခဲ့လို့ပါ ဆိုတဲ့ သတင်းတွေ ထွက်ခဲ့ပါတယ်။
ခုတော့လည်း ရှေးဟောင်းယဉ်ကျေးမှုဇုန်ကို ဟိုတယ်ဇုန်က အစားထိုးပါတော့မယ်။
ခရီးသွားလာရေးလုပ်ငန်း ဖွံ့ဖြိုးဖို့အတွက် ဒီလိုပဲ အနစ်နာခံလိုက်ရတဲ့ ကဏ္ဍတွေ ရှိတာ ထုံးစံပါပဲ။

ပြီးတော့ ဒီနေ့ခေတ်ဟာ မြေသိမ်းယာသိမ်းခံရသူများ ကျယ်ကျယ်လောင်လောင် ကန့်ကွက် ပြောဆိုနေတဲ့ခေတ်ပါ။
ဒါကြောင့် တံတားဦး ဟိုတယ်တွေအတွက် နေရာဖယ်ပေး၊ ဘ၀နေထိုင်မှုနဲ့လုပ်ငန်းအနေအထား လုံးဝ ပြောင်းလဲသွားမယ့် ဒေသခံ တောင်သူတွေ ကျေနပ်မှု ရအောင် စီစဉ် ဆောင်ရွက်ကြရင်ဖြင့် ဒီစီမံကိန်းရဲ့ ကနဦး အောင်မြင်မှု ဖြစ်ပါလိမ့်မယ်။
 

အဲဒီဒေသ မြေဈေးကွက်ကတော့ လုံးဝ ပြောင်းလဲသွားပါတယ်။
ဟိုတယ်ဇုန်ဖြစ်ဖို့ သေချာသလောက်ရှိပြီ လို့ မေလ၀န်းကျင်မှာ သတင်းထွက်ခဲ့ပြီး ဇုန်အအနီးဝန်းကျင် မြေဈေးတွေ ခုန်တက် ထိုးတက်ခဲ့တာပါ။
မြေဈေးတွေ ခုန်တက်ခဲ့တယ် ဆိုတော့ စီးပွားရေးသမားတွေက သတင်းကြိုရတယ်ဆိုတဲ့ သဘောပေါ့။
နောက်တလမှာတော့ အစိုးရသတင်းစာကနေ အဲဒီနေရာမှ ဟိုတယ်ဇုန် အကောင်အထည်ဖော်မယ် ဆိုတဲ့သတင်းကို တွေ့လိုက်ရပါတော့တယ်။

From-ဧရာဝတီ

No comments:

Post a Comment