Friday, September 21, 2012

အမေရိကန်သမ္မတအိုဘားမားနှင်.မြန်မာသမ္မတဦးသိန်းစိန် တို.ရှေ.အပတ် ကုလညီလာခံတက်ရောက်မည်ဖြစ်သော်လည်း တွေ.ဆုံရန်အစီအစဉ်မရှိ



 ရှေ.အပတ် နယူးယာက်တွင်ပြုလုပ်မည်. ကုလသမဂ္ဂ အထွေထွေညီလာခံကိုအမေရိကန် သမ္မတဘားရက် အိုဘားမားနှင်. မြန်မာသမ္မတဦးသိန်းစိန် တို.တက်ရောက်ကြမ ည်ဖြစ်သော်လည်း၊ ၄င်းတို.နှစ်ဦးတွေ.ဆုံနိုင်ရန်အလားလာမရှိဟု သိရသည်။


သမ္မတအိုဘားမားနှင်. အမေရိကန်သို.နှစ်ပတ်ကြည်အလည်အပတ်ခရီးရောက်ရှိနေသော  မြန်မာ.ဒီမိုက ရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို. သည်အမေရိကန်ဝါရှင်တန်ရှိ သမ္မတအိမ်ဖြူတော်ရုံးခန်း၌ ယမနေ.ကတွေ.ဆုံခဲ.ကြသည်။ ယခုကဲ.သို.အလားတူ သမ္မတအိုဘားမားနှင်.သမ္မတ၏ဦးသိန်းစိန်တို. ကုလသမဂ္ဂညီလာခံတက်ရောက်စဉ်တွင် တွေ.ဆုံနိုင်စရာအလားအလာမရှိကြောင်း အမည်မဖော်လိုသူ အမေရိကန်နိုင်ငံခြားဝန်ကြီးဌာနမှတာဝန်ရှိသူတစ်ဦးအားကိုးကား၍ အမေရိကန်ထုတ် နယူးယော.တိုင်းသတင်းစာကြီးက ရေးသားထားသည်။

ယမန်နေ.က သမ္မတအိုဘားမားနှင်.ဒေါ်အောင်ဆန်းစုကြည်တို.တွေ.ဆုံမှုသည် အိမ်ဖြူတော်၌ နိုဘယ်ငြိမ်းချမ်းရေးဆုရှင်နှစ်ဦးတို.၏ ပထမဦးဆုံတွေ.ဆုံမှုဖြစ်ပြီး၊ သမ္မတအိုဘားမားက ဒေါ်အောင်ဆန်းစုကြည်၏ မြန်မာ.ဒီမိုကရေစီအရေးအတွက် ကိုယ်ကျိုးစွန်.အနစ်နာခံမှု နှင်. ရဲရင်.သတ္တိရှိခြင်းတို.ကို ချီးကျူးထောပနာပြုခဲ.ကြောင်း အိမ်ဖြူတော်မှတွေ. ဆုံပွဲအပြီး ထုတ်ပြန်သော ကြေငြာချက်အရသိရသည်။

ဒေါ်အောင်ဆန်းစုကြည်က မြန်မာပြည်အပေါ်ချမှတ်ခဲ.သော အမေရိကန်၏ စီးပွားရေးပိတ်ဆို.မှုများသည် ရည်ရွယ်သည်.အကျိုးရလဒ်ကိုရရှိခဲ.ပြီဖြစ်ကြောင်း၊ ဆက်လက်၍ကျန်ရှိနေသော  အမေရိကန်စီးပွားရေးပိတ်ဆို. မှုများသည်လည်း မလိုအပ်ပါကဆက်လက်ဆုပ်ကိုင်ထားစရာမလိုတော.ကြောင်း အင်္ဂါနေ.ကပြုလုပ်ခဲ.သည်. ဆုလက်ခံပွဲတစ်ခုတွင်လည်းပြောကြားခဲ.သည်။

မြန်မာပြည်တွင်း၌ အမေရိကန်စီးပွားရေးလုပ်ငန်းများဝင်ရောက်လုပ်ကိုင်ခွင်.နှင်. အမေရိကန်ကုန် ပစ္စည်းများမြန်မာပြည်သို.တင်ပို.ခွင်.ပိတ်ပင်ထားမှုများကို အမေရိကန်အစိုးရမကြာမီက မြန်မာပြည်နိုင်ငံရေးအပြောင်းအလဲများကို တုံ.ပြန်သောအားဖြင်.ဖယ်ရှားပေးခဲ.သော်လည်း ဆက်လက်ကျန်ရှိနေသော စီးပွားရေးပိတ်ဆို.မှုဥပဒေများအရ မြန်မာ.ကုန်ပစ္စည်းများ အမေရိကန်သို.တင်သွင်းခွင်.မရရှိသေးပေ။

ကျန်ရှိနေသော အမေရိကန်စီးပွားရေးပိတ်ဆို.မှုများကို ထပ်မံဖြေလျှော.သွားဖို.ရှိကြောင်း၊ သို.သော်ဒေါ်အောင်ဆန်းစုကြည်၏ အမေရိကန်ခရီးစဉ်အတွင်း စီးပွားရေးပိတ်ဆို.မှုနှင်.ပတ်သက်သော တစ်စုံတစ်ရာကြေငြာချက်ကိုထုတ်ပြန်သွားဖို.အစီအစဉ်မရှိကြောင်း၊ ထို.သို.ကြေငြာလိုက်ပါက ကုလသမဂ္ဂအထွေထွေညီလာခံကိုတက်မည်. မြန်မာသမ္မတဦးသိန်းစိန်အားတစ်စုံတစ်ရာ ထိခိုက်သွားနိုင်စရာရှိသောကြောင်.ဟု အမည်မဖော်လိုသူ အမေရိကန်နိုင်ငံခြားဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးကဆိုသည်။

ယမန်နေ.ကအမေရိကန်အစိုး၏ဘဏ္ဍာရေးဝန်ကြီးဌာနက သမ္မတဦးသိန်းစိန်နှင်. မြန်မာနိုင်ငံပြည်.သူ. လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းတို.အား ၄င်းတို.၏နိုင်ငံရေးအပြောင်းအ လဲပြုလုပ် ဆောင်ရွက်ချက်များ အားအသိ အမှတ်ပြုသည်.အားဖြင်. သူတို.နှစ်ဦးအား တားမြစ်ပိတ်ပင်ထားသောလူပုဂ္ဂိုလ်များ၏စာရင်းမှ ပယ်ဖျက်ပေးခဲ.သည်။

From -အာရှလေဘာတီ

No comments:

Post a Comment