Friday, September 21, 2012

သစ်လုံးတင်သင်္ဘောနှင့် သမ္ဗန်တိုက်

ရန်ကုန်၊ စက်တင်ဘာ ၂၁ ကြည့်မြင်တိုင်ကမ်းနားဈေးအနီးရှိ အောက်ရုံ သမ္ဗန်ဆိပ်တွင် စက်တင်ဘာလ ၂၀ရက်နေ့ ညနေ ၃နာရီ ၁၅မိနစ်ခန့်က အောက်ရုံ သို့ သွားရောက်မည့် ခရီးသည် ခြောက်ဦးတင်ဆောင်ထားသည့် သမ္ဗန်တစ်စီးနစ်မြုပ်မှုဖြစ်ပွားခဲ့ကြောင်း အဆိုပါ ကြည့်မြင်တိုင်- အောက်ရုံ သမ္ဗန်ဆိပ် မှ စုံစမ်းသိရှိရသည်။

ဖြစ်စဉ်မှာ နိုင်ဂရု(ဖ်) သစ်လုံးတင်ဆိပ်ကမ်းမှ ထွက်ကွာလာသည့် သစ်လုံးတင်သင်္ဘောနောက်ပိုင်းယမ်းခါမှုကြောင့် အဆိုပါ ကြည့်မြင်တိုင် တစ်ဖက်ကမ်း အောက်ရုံရွာသို့ ထွက်ကွာမည့် သမ္ဗန်မှာ နစ်မြုပ်သွားခြင်းဖြစ်ကြောင်း ၊ သမ္ဗန်နစ်မြုပ်နေစဉ်တွင် အနီးရှိ သမ္ဗန်သမားများ နှင့် ဒေသခံလူထုက နစ်မြုပ်နေသည့် ခရီးသည်များကို ၀ိုင်းဝန်းဆယ်ယူနိုင်ခဲ့သည့်အတွက် ဒဏ်ရာရရှိသူတစ်ဦးမှ မရှိကြောင်း သမ္ဗန်နစ်မြုပ်မှုတွင် ပါဝင်ခဲ့သည့် အောက်ရုံဒေသခံများ နှင့် နီးစပ်သည့် အောက်ရုံ ရွာသား ဦးဇော်မင်းထိုက် က ပြောကြားသည်။

အဆိုပါ ကြည့်မြင်တိုင် သမ္ဗန်ဆိပ်သည် ကြည့်မြင်တိုင် တစ်ဖက်ကမ်းရှိ စက်ဆန်း ၊ အေးရွာ ၊ အလတ်ချောင်း ၊ စက်ကလေး နှင့် အောက်ရုံရွာများသို့ ပြေးဆွဲပေးလျက်ရှိသည့် သမ္ဗန်ဆိပ်တစ်ခုဖြစ်ကြောင်း အောက်ရုံသမ္ဗန်ဆိပ် ထံ မှ စုံစမ်းသိရှိရသည်။
From-TheVoiceWeekly

No comments:

Post a Comment