Thursday, September 6, 2012

ပုဇွန်တောင်မြို့နယ်တွင် ဖြစ်ပွားခဲ့သောလူသတ်မှု

From- Popular Myanmar News Journal
 
စက်တင်ဘာ(၆)နံနက်ပိုင်းက လူသတ်မှုတစ်ခု ပုဇွန်တောင်မြို့နယ်တွင်ဖြစ်ပွားခဲ့ကြောင်းသတင်းရရှိ သည်။ သေဆုံးသူမှာ ပုဇွန်တောင်မြို့နယ်၊ (၇)ရပ်ကွက်၊ ဦးဝိဇ္ဖာလမ်းရှိ တိုက်တစ်တိုက်မှ (၅)လွှာတွင်နေ ထိုင်သူ အသက်(၆၂)နှစ်အရွယ် ဒေါ်မေနှင်းဆီဟန်ဖြစ်ပြီး၊ မီးဖိုခ န်းထဲတွင် ထိုးသွင်းဒဏ်ရာ (၁၀)ချက် မျှဖြင့်သေဆုံးနေခြင်းဖြစ်သည်။ သူ၏ သမီးဖြစ်သူအပြင်မှပြန်လာစဉ် အိမ်တံခါး ကိုသော့ဖြင့်ခတ် ထားသည့်အပြင် မိခင်ကိုလည်း ခေါ်မရသဖြင့် သော့ပြင်ဆရာကိုခေါ်ကာ သော့ဖွင့်ပြီး အိမ်ထဲသို့ဝင်ရာ မီးဖိုခန်းတွင် မိခင်ဖြစ်သူသေဆုံးနေခြင်းကိုတွေ့ရခြင်းဖြစ်သည်။ ကွယ်လွန်သူသည် ရဲအရာရှိတစ်ဦး၏ ဇနီးဖြစ်ကြောင်း သိရသည်။ အမှုကို ပုဇွန်တောင်ရဲစခန်းနှင် စီအိုင်ဒီတို့မှ ကိုင်တွယ်စုံစမ်း လျှက်ရှိကြောင်းသိရသည်။

No comments:

Post a Comment