Thursday, September 6, 2012

နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေခုံရုံးဥက္ကဌနှင့် အဖွဲ့ဝင်များအား ၎င်းတို့၏ သဘောဆန္ဒအလျောက် ရာထူးမှ နှုတ်ထွက်ခွင့်ပြု

From- Eleven Media Group
 
 နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေခုံရုံးဥက္ကဌနှင့် အဖွဲ့ဝင်များအား ၎င်းတို့၏ သဘောဆန္ဒအလျောက် ရာထူးမှ နှုတ်ထွက်ခွင့်ပြုကြောင်း အမိန့်ကြော်ငြာစာကို နိုင်ငံတော်သမ္မတရုံးမှ ယနေ့ရက်စွဲဖြင့် ထုတ်ပြန် ခဲ့ကြောင်း မြန်မာ့ရုပ်မြင်သံကြား၏ ည ၈ နာရီ သတင်းတွင် ကြေညာ သွားခဲ့သည်။ နှုတ်ထွက်ခွင့်ပြုခဲ့သော ခုံရုံးဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များမှာ စုစုပေါင်း ၉ ဦးရှိကြောင်း သိရှိရသည်။ ၎င်းတို့မှာ-
၁။ ဦးသိန်းစိုး - ဥက္ကဋ္ဌ
၂။ ဒေါက်တာတင်မောင်အေး - အဖွဲ့ဝင် (၁)
၃။ ဒေါ်ခင်လှမြင့် - အဖွဲ့ဝင်(၂)
၎။ ဦးထွန်းကြည် အဖွဲ့ဝင် (၃)
၅။ ဦးစိုးသိန်း အဖွဲ့ဝင် (၄)
၆။ ဦးခင်ထွန်း အဖွဲ့ဝင် (၅)
၇။ ဦးဆန်းမြင့် အဖွဲ့ဝင် )(၆)
၈။ ဦးမြင့်ကြိုင် အဖွဲ့ဝင် (၇)
၉။ ဒေါ်မိမိရီ အဖွဲ့ဝင် (၈)

1 comment:

  1. တိုင်းပြည် အတွက် အမှန်ပင် နစ်နာ ဆုံးရှုံးမှု့ တစ်ခုအဖြစ် ရှူ့မြင်မိပါသည်။ ရနိုင်ခဲသော ပညာရှင်များ ဒီလို မဖြစ်သင့်ပါ။ ကျနော်တို့နိုင်ငံမှာ ဘယ်တော့မှ မပျောက်ပျက်တော့မည့် အမည်းစွန်းဖြစ်ရပြီ။ တစ်ဦးနဲ့တစ်ဦး ညှိနှိုင်း အဖြေရှာခြင်း မပြုပဲ ငါတို့ပဲ နိုင်မှ ရမှာလား။

    ReplyDelete