Sunday, September 23, 2012

လွှတ်တော်အမတ်ဦးမြင့်အောင်အား ကိုယ်စားလှယ်အဖြစ်မှရုတ်သိမ်းရေး မဲဆန္ဒရှင်များကြိုးပမ်း

ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင်တိုက်ကြီးမြို့နယ် ဥက္ကံမြို့အမှတ်(၂)မဲဆန္ဒနယ်မြေမှ လွှတ်တော်အမတ် ဦးမြင့်အောင်အား လွှတ်တော် ကိုယ်စားလှယ်အဖြစ်မှ ပြန်လည်ရုတ်သိမ်းရေးအတွက် ယင်းမဲဆန္ဒနယ်ရှိ ဒေသခံများက ကြိုးပမ်းလျက်ရှိကြောင်း သိရသည်။

“ကျွန်တော်တို့မဲဆန္ဒနယ်က လွှတ်တော်အမတ်တစ်ဦးက ကိုယ်စားလှယ်အဖြစ်က ရုတ်သိမ်းရေးအတွက် တောင်းဆိုသွားမှာပါ။ ပုဂ္ဂိုလ်ရေး မုန်းတီးမှုတွေ ပါတာမျိုး မပာုတ်ပေမယ့် ပြည်သူတွေအတွက် ဘာမှလုပ်ဆောင်နိုင်မှု မရှိဘူး။ ဒီတော့ ပြည်သူတွေ နစ်နာတယ်။ ဒါကြောင့် ကိုယ်စားလှယ်  အဖြစ်က ရုတ်သိမ်းနိုင်ရေး လုပ်ဆောင်ရတာပါ”ပာု မဲဆန္ဒရှင်တစ်ဦးက ပြောကြားသည်။
ထိုသို့ ဦးမြင့်အောင်အား လွှတ်တော်ကိုယ်စားလှယ်အဖြစ်မှ ရုတ်သိမ်းရေး ကိစ္စရပ်များ လုပ်ဆောင်ရာတွင် လိုအပ်ပါက အခြားပါတီများနှင့် တိုင်ပင် အကြံဉာဏ်များ ရယူ၍  လုပ်ဆောင်သွားမည်ဖြစ်ပြီး ပြည်သူလူထုနစ်နာခဲ့ရသည့် နစ်နာမှုများအား ဖော်ထုတ်၍ လွှတ်တော်ကိုယ်စားလှယ်အဖြစ်မှ ရုတ်သိမ်းရေး တောင်းဆိုသွားမည်ဖြစ်ကြောင်း ၎င်းက ဆက် လက်ပြောကြားသည်။
“ကျွန်တော်တို့အနေနဲ့ လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်အောင်ကို ကိုယ်စားလှယ်အဖြစ်က ရုတ်သိမ်းရေးအတွက် လုပ်ဆောင်ရာမှာ  တခြားပါတီ တွေရဲ့ အကူအညီကိုလည်း ရယူသွားမှာပါ။ ဒီအမတ်က ၂၀၁၀ အငြင်းပွားဖွယ် ရွေးကောက်ပွဲတုန်းက တက်လာတဲ့အမတ်ပါ။ ပြည်သူတွေရဲ့ ဆန္ဒ သဘောထား  တစ်ခုမှ မပါဝင်ပါဘူး”ပာု ဥက္ကံမြို့နယ်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
လွှတ်တော်ကိုယ်စားလှယ်တစ်ဦးအား တာဝန်မှ ပြန်လည်ရုတ်သိမ်းခြင်းနှင့်ပတ်သက်၍ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ၌ ဖော်ပြထားသည်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၉၆(ခ)အရ လွှတ်တော်ကိုယ်စားလှယ်တဦးကို တာဝန်မှ ပြန်လည်ရုပ်သိမ်းလိုပါက သက်ဆိုင်ရာ မဲဆန္ဒနယ်မှ မဲဆန္ဒရှင် ၁ ရာခိုင်နှုန်းက လက်မှတ်ရေးထိုးရမည် ဖြစ်ကြောင်း ဖော်ပြ ထားသည်။
YC

From -TransparencyMyanmarblog

No comments:

Post a Comment