Monday, September 24, 2012

နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့ချုပ် ဖြစ်မြောက်ရေးကော်မတီ(ယာယီ) ဖွဲ့စည်း

နိုင်ငံရေးအကျဉ်းသားဟောင်းတွေရဲ့ အကျိုးကိုကူညီ ဆောင်ရွက် ပေးဖို့ နဲ့ မြန်မာနိုင်ငံရဲ့ အသွင်ကူပြောင်းရေးကာလမှာ နိုင်ငံရေးအကျဉ်းသားတွေအနေနဲ့ လူမှုရေးလုပ်ငန်း တွေလုပ်ဆောင်ပြီး တိုင်းပြည်တည်ဆောက်ရေးမှာ ပါဝင်နိုင်ဖို့ ရည်ရွယ်ပြီး နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့ချုပ် ဖြစ်မြောက်ရေးကော်မတီ(ယာယီ) ကို ဒီကနေ့ မှာဖွဲ့စည်းလိုက်ပါတယ်။



ဒီကနေ့နေ့လည်ပိုင်း ဗဟန်းမြို့နယ်၊ ရွှေတိဂုံဘုရားအနီး က M3 စားသောက်ဆိုင်မှာ ကျင်းပတဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းများ အဖွဲ့ချုပ်ဖြစ်မြောက်ရေးကော်မတီရဲ့ အစည်းဝေး မှာ ကော်မတီဝင်(၁၅) ဦးပါဝင်တဲ့ နိုင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲ့ချုပ် ဖြစ်မြောက်ရေး ကော်မတီ(ယာယီ) ကို ဖွဲ့စည်းလိုက်တာဖြစ်ပါတယ်။

ဒီကနေ့ ကျင်းပတဲ့အစည်းဝေးကို ၈၈ မျိုးဆက်ကျောင်းသားတွေ၊ နိုင်ငံရေးအကျဉ်းသားဟောင်းတွေ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က နိုင်ငံရေးအကျဉ်းသားဟောင်းတွေ အပြင် ၊ Generation Wave နဲ့ ဗမာနိုင်ငံ လုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် တို့က နိုင်ငံရေးအကျဉ်းသားဟောင်းတွေပါတက် ရောက်ခဲ့ကြပါတယ်။
From -RFA

No comments:

Post a Comment