Friday, September 21, 2012

မြန်မာ့မြေဈေးထိန်းချုပ်ရန်လိုဟု ရင်းနှီးမြှုပ်နှံသူများပြောကြား

နေပြည်တော်၊ စက်တင်ဘာ - ၂၁

မြန်မာနိုင်ငံ ရန်ကုန်မြို့နှင့်အခြားအချက်အခြာကျသောမြို့များ၌ မြေဈေးများကြီးမြင့်နေခြင်းကို ထိန်းချုပ်ရန်လိုအပ်ဟု ရင်းနှီးမြှုပ်နှံသူများကပြောကြားကြောင်း ထိုင်းနိုင်ငံထုတ် နေးရှင်း သတင်းတွင်ဖော်ပြထားသည်။

မြန်မာနိုင်ငံတွင် မြေဈေးများကြီးမြင့်နေခြင်းသည် စက်ရုံစသောကုန်ထုတ်လုပ်ငန်းနှင့်အိမ်ခြံမြေလုပ်ငန်းများ
တိုးချဲ့လုပ်ကိုလိုသော ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံသူများကို အခက်အခဲဖြစ်စေကြောင်း ရင်းနှီးမြှုပ်နှံသူများကပြောကြားသည်။

မြန်မာအစိုးရအနေဖြင့် မြေဈေးနှုန်းကိုထိန်းချုပ်သည့်အစီအမံများဆောင်ရွက်ရန်လိုအပ်လျက်ရှိပြီး၊ယင်းကဲ့သို့မပြုလုပ်ခဲ့ပါက မြန်မာအစိုးရမျော်မှန်းထားသော နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကိုဆွဲဆောင်နိုင်ခြင်းနှင့်အလုပ်အကိုင်ဖန်တီးမှုကို ဖြစ်စေမည်မဟုတ်ကြောင်း အဆိုပါသတင်းတွင်ဖော်ပြထားသည်။

“မြန်မာနိုင်ငံမှာ ရောင်းလိုအားကနိမ့်နေတဲ့အခြေအနေမှာ အိမ်ခြံမြေ ဆောက်လုပ်ရေးလုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်ဖို့အခွင့်အလမ်းတွေအများကြီးရှိနေပါတယ်။ရန်ကုန်ကဟိုတယ်တွေ၊ရုံးအဆောက်အဦတွေကလည်း ၁၉၉၀ ခုနှစ်တွေကဆောက်ထားတဲ့ဟာတွေပါ၊နောက်ထပ်အသစ်ထပ်ပြီးရင်းနှီးမြှုပ်နှံထားတာမရှိပါဘူး”ဟုဆောက်လုပ်ရေးကုမဏီ တစ်ခုဖြစ်သော ရွှေတောင်လုပ်ငန်းအုပ်စု၏ မန်နေဂျင်းဒါရိုက်တာလည်းဖြစ်၊အမှုဆောင်အရာရှိချုပ်ဖြစ်သူ အောင်ဇော်နိုင်ကပြောကြားကြောင်း နေးရှင်းသတင်းတွင်ဖော်ပြထားသည်။

အိမ်ခြံမြေဈေးနှင့်ပတ်သက်၍ အနာဂတ်ဖွံ့ဖြိုးတိုးတက်မှုကို ထိခိုက်မှုမရှိသေးခင် မြေဈေးနှုန်းကို စည်းမျဉ်းတွေနဲ့ထိန်းချုပ်ဖို့လိုကြောင်း Myanmar Global Investment Forum ၌ Euromoney Conferences တွင်၎င်းကပြောကြားသည်။

မြန်မာအစိုးရမျော်မှန်းထားသော အလုပ်အကိုင်များဖန်တီးရန်နှင့်နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်နိုင်ရန်အတွက် မြေဈေးမှာ အဓိက အတားအဆီးတစ်ခုဖြစ်နေကြောင်း ရိုးမမဟာဗျုဟာဦးပိုင်ကုမ္ပဏီ၏ အမှုဆောင်ဥက္ကဋ္ဌဖြစ်သူ Serge Pun ကပြောကြားသည်။

မဖွံ့ဖြိုးသေးတဲ့မြေကွက်တစ်ကွက်ဟာ ၁၉၉၅ ခုနှစ်လောက်က ကျပ်ငွေ ၃ သန်းလောက်ဈေးရှိရာက ယခု ကျပ်သန်း ၄၅၀(ထိုင်းဘတ်ငွေ ၁၆ ဒသမ ၃ သန်း)ဈေးပေါက်နေကြောင်း ၎င်းကပြောကြားသည်။

ပုဂ္ဂလိကပိုင်မြေတွေကို အစိုးရသိမ်းယူပြီး(expropriate)၊စက်ရုံလုပ်ငန်းတွေဖွံ့ဖြိုးတိုးတက်ဖို့ပေးသင့်ပါတယ်ဟု Serge Pun ကပြောကြားသည်။

ထို့ပြင် ယခုနှစ်အတွင်း ရန်ကုန်မြို့၌အဆောက်အဦ၊မြေငှားခလည်း မြှင့်တက်သွားပြီး ၁ မီတာစတုရန်းပေကို တစ်လလျှင် အမေရိကန်ဒေါ်လာ ၆၅(ထိုင်းဘတ်ငွေ ၂၀၀၀)မှ အမေရိကန်ဒေါ်လာ ၁၅၀ ထိပေးရကြောင်း Colliers Internationlr မှ ဒါရိုက်တာ Tony Picon ကပြောကြားသည်။
 
From -TheVoiceWeekly

No comments:

Post a Comment